Showing posts with label အင်းလေးအကြောင်း. Show all posts
Showing posts with label အင်းလေးအကြောင်း. Show all posts
Sunday, 20 March 2011
အင်းလေး အင်းပေါခုံ ရေယဉ်မယ်များ မှတ်တမ်း (၃)
 အင်းပေါခုံရွာတွင်  ကိုယ့်ရွာဆီသို့ ဖောင်တော်ဦးဘုရား ကြွရောက်လာမယ့် အကြိုနေ့၌ ရွာသူရွာသားလူငယ်များက ဘုရားဖောင်တော်ကို ကြို မည့် ဆွဲလှေကြီးများကို ငြမ်းခတ်ဆင်ခြင်း ၊ ဖောင်တော်ဆွဲမည့်ကြိုးများ တပ်ဆင်ခြင်း ၊ ဘုရားထီးဖြူ   ငှက်ပျောပင် အစရှိတို့ တပ်ဆင်ခြင်း ၊ စက္ကူ သာသနာ့ အလံများ  လွင့်ထူခြင်း အစရှိသည်တို့ ပြုလုပ်ကြပါသည် ။ ရွာသူ ရွာသားလူငယ် လူပျိုမောင်မယ်တချို့ တို့သည် တာဝန်ကိုယ်စီ ခွဲဝေယူကြ၍ ရာဇမတ် ယက်လုပ်ခြင်း ၊ ရာဇမတ် ကာခြင်းများကို ဘုရားကြွရောက်လာမည့် ရေလမ်းတလျောက်တွင် ဆင်ယင်ကြတော့သည် ။  ရှေးရိုးရာအစဉ်အလာ ရှေးထုံးအတိုင်း လိုက်နာကြ၍ ရွာဦးဘုန်းကြီးဦးဆောင်မှုအောက်မှ လူပျိုမောင်မယ်တို့ နာခံ ကုသိုလ်ယူကြပါသည်။   ရွာမိရွာဖ အဘိုး အဘွားတို့က ရွာဦး ဘုန်းကြီးကျောင်း ဝေယာဝဉ္ဇ များပြုလုပ်ကုသိုလ်ယူကြသည် ။ဘုရားပုလ္လင်ရှေ့၌  ဘုရားထံ ဆက်ကပ်မည့် ဆွမ်းတော်ကြီး ပြင်ဆင်သည့်အဖွဲ့များက ရာသီချိန်အလိုက်ထွက်သည့် သီးနှံ ပန်းမံများကို အလှပဆုံးကြည်ညိုဖွယ်ဖြစ်စေရန် ပြင်ဆင်ကြလေတော့သည် ။   ဘုရားဖောင်တော်၌ လိုက်ပါလာကြမည့် ဆရာတော်ဘုန်းကြီးများ သီတင်းသုံးနားနေဖို့ နေရာထိုင်ခင်းပြင်ဆင်ခြင်း ၊ ဆေးကွမ်း လက္ဘက် ရေနွေးခွက်များ ခင်းကျင်းခြင်း ၊ ဆရာတော်များ ဆွမ်းဖုံးပေးသုံးဆောင်ရာ ဆွမ်းစားခန်းအတွင်း စားပွဲများခင်းခြင်း ၊ သောက်ရေသုံးရေဖြည့်ခြင်း ၊ ဆွမ်းချိုင့်များသန့်စင်ခြင်း အစရှိသည်များကို လူလတ်ပိုင်းများက တာဝန်ယူကြသည် ။ လူလတ်ပိုင်းတချို့တို့သည် ဘုရားဖောင်တော်ဆွဲသည့်လှေများ၌ လိုက်ပါလာကြမည့် လှေလှော်သားများ ၊ ရွာသို့လာလည်ကြသော ဧည့်သည်များ ကို အလှူထမင်းကျွေးမည့်ကိစ္စအား လုပ်ဆောင်ကြပါသည် ။ အင်းပေါခုံရွာတွင် ဖောင်တော်ဦး ဘုရား (၄) နာရီခန့်သာစံတော်မှုသည်ဖြစ်၍ ပရိတ်သတ်တို့အား အကျွေးမွေး ကိစ္စကို အချိန်တိုနိုင်သမျှတိုတောင်းစေရန် ရောက်ရှိလာသည့် ပရိတ်သတ်များအား တစ်သုတ်ထဲအပြီးတပြိုင်ထဲ ထမင်းကျွေးမွေး ဧည့်ခံကြလေသည် ။ လှေလှော်သားများနှင့် ဧည့်သည်ပရိတ်သတ် (၂)ထောင်ခန့်ကို တပြိုင်ထဲ ကျွေးမွေးရသည်ဖြစ်၍ ကျွေးမွေးဧည့်ခံရာ၌ ရွာသားတို့လစ်ဟင်းလိုအပ်သည်ဖြစ်ငြား ဧည့်သည်များက ချီးကျူးနေတတ်ကြပေသည် ။ ဤသို့သော အကြိုနေ့များ၌ လစ်ဟာမှုမရှိစေရန် ဆောင်ရွက်နိုင်ပါမှ ရွာသို့ဘုရားကြွရောက်လာသည့်နေ့၌ ရွာသားများ အလှည့်စီ ဖောင်တော်ဦးဘုရားအား ဖူးမျှော်ကန်တော့နိုင်မည်ဖြစ်သည် ။ အင်းသူညီမငယ်များကလည်း ဘုရားဖောင်တော် ကြိုရန် ဆွဲလှေ ရေယာဉ် ကိစ္စများ တာဝန်ယူဆောင်ရွက်ကြပါသည် ။ အလှရေယာဉ်အတွက် ညီမငယ်လေးများသည် ဖောင်တော်ဦးဘုရားရွာသို့ ကြွရောက်ဖို့ (၄) (၅) ရက်အလိုကတည်းက တက်တက်ကြွကြွ ပြင်ဆင်နေတတ်ကြသည် ။ ထိုအကြိုည တစ်ညလုံး၌ ကာလသားများက တစ်ညလုံးမအိပ်ပဲ ရပ်ရွာလုံခြုံရေး မီးရေးထင်းရေး ကိစ္စများအတွက် တာဝန်သိ ကင်းစောင့်ကြပါတော့သည် ။  ...... ဤသို့ ဤသို့သော ဘုရားအပူဇော်ခံကြွရောက်ခြင်းအတွက် ပြင်လို့ဆင်လို့ပြီးဆုံးသည်နှင့်  ဖောင်တော်ဦးဘုရား  ဖောင်တော် ကလည်းနောက်ထပ်တစ်ရွာ ဒေသစာရီခရီးတဖန်ကြွချီတော်မှုပြန်သွားပါတော့သည် ။ ဆိုလိုသည်မှာ ပြင်လို့ဆင်လို့လည်းပြီးပြီ ပွဲကလည်းပြီးပြီ ဆိုသည့်အတိုင်း မနားမနေ ကုသိုလ်ယူကြပါသည် ။ ဟိုးအရင်တချိန် တုန်းကတော့ အင်းပေါခုံရွာ၌ ဖောင်တော်ဦးဘုရား တစ်ည ကျိန်းဝပ်အပူဇော်ခံခဲ့ပါသည် ။ ညကျိန်းအပူဇော်ခံရာတွင် တာဝန်ကြီးလေးသည်ဖြစ်ရာ ရွာ၏လူဦးရေတစ်နှစ်ထက်တစ်နှစ် နည်းပါးလာသည့်အတွက် ညကျိန်းတာဝန်ယူနိုင်မည့် အခြားကျေးရွာတစ်ရွာသို့ တာဝန်လွဲပြောင်း လိုက်ပါသည် ။ 
 စာကြွင်း ။    ။ အင်းပေါခုံရွာဘုရားရောက်မည့်အကြိုနေ့ ကုသိုလ်ယူပုံကို                ကျွန်တော်          မှတ်မိသလောက်ရေးထားပါသောကြောင့် အမှားပါခဲ့ပါက နယ်သားတို့က ကျွန်တော် အယ်ကိုအားခွင့်လွတ်ပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်။
Wednesday, 2 February 2011
အင်းသားမျိုးနွယ်
By LadyPhyu.
ရှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေနယ် ၊ အင်းလေးဒေသတစ်ဝိုက်မှာ အခြေစိုက်နေထိုင်ကြတဲ့ လူမျိုးစုတစ်စုကို အင်းသားလူမျိုး လို့ခေါ်ပါတယ်။ အခြေစိုက်နေထိုင်သူများလို့  ဆိုရာမှာ အင်းလေးရေပြင်ပေါ်နေထိုင်သူများ နဲ့ ရေတစ်ဝက်ကုန်းတစ်ဝက်နေထိုင်သူများ အားလုံးကိုဆိုလိုပါတယ် ။
    ကျွှန်တော်တို့ အင်းသားလူမျိုးတွေဟာ  သည်ဒေသရဲ့ မူလတိုင်းရင်းသားများ ဟုတ်တယ်၊ မဟုတ်ဘူးလို့  ကျွှန်တော်တို့ ကိုယ်၌ကလည်း ယနေ့ထိတိုင် ခိုင်လုံတဲ့ အထောက်အထား ရှာဖွေနေဆဲပါပဲ ။  ကျွန်တော်တို့ဟာ ရှမ်းပြည်နယ်ရဲ့ လူမျိုးစုတစ်စု ဖြစ်ပေမယ့် ရှမ်းထက် မြန်မာဆန်ကြပါတယ် ။ စကားအသံ လေယူလေသိမ်း တွေက  အလွန်ရှေးကျတဲ့  မြန်မာစကားသံနဲ့ တူလှတယ် ။ မျက်နှာပုံပန်း ကိုယ်ခန္ဓာအချိုးအဆက်တွေက မြန်မာနဲ့ပိုဆင်ကြတယ် ။ အဲဒါကြောင့် ကျွန်တော်တို့တွေဟာ တိဗက်-မြန်မာ အနွယ်ဝင် လူမျိုးစုတစ်စု
 ဖြစ်နိုင်ချေရှိတယ်လို့ ယူဆနိုင်ပါတယ် ။ စကားလုံးဝေါဟာရဆိုရင် ရခိုင်လူမျိုး ၊ ထားဝယ်လူမျိုးတို့ရဲ့ စကားလုံးနဲ့ဆင်တူတာတွေရှိတယ် ။  ရခိုင် ၊ ထားဝယ် လူမျိုးအုပ်စုခွဲတွေနဲ့ နီးစပ်ဆင်တူတဲ့ လူမျိုးစုတစ်စု လည်းဖြစ်နိုင်ပါတယ် ။ အချို့လူတွေကတော့ ကျွန်တော်တို့ကို ထားဝယ်လူမျိုးမှ ဆင်းသက်ဆက်နွယ်တယ်လို့ ဆိုကြတယ် ။
   ....... အင်းလေးလူ့ရိပ်မြုံအတွင်းမှာတော့ ဘိုးစဉ်ဘောင်ဆက်ကနေ ယနေ့ထိတိုင် အဆင့်ဆင့်ပြောဆို လက်ဆင့်ကမ်းလာတဲ့ ဒဏ္ဍာရီ (၂) ပုဒ်ရှိလေရဲ့ ။
....ပထမ ယုံကြည်မှု ဒဏ္ဍာရီ က .. အေဒီ ၁၀၄၄ ပုဂံပြည့်ရှင်တစ်ပါးဖြစ်တဲ့ ၊ မြန်မာ့နန်းရိုးစခဲ့တဲ့ ၊ ပထမမြို့တည် ၊ နန်းတည် ဘုရင်အနော်ရထာရဲ့ မြစ်တော်ကြီး
ဘုရင်အလောင်းစည်သူ ဟာ တိုင်းပြည်တနံတလျား ခရီးသွားရာမှာ ထားဝယ်သားတို့ နောက်တော်ပါးအဖြစ်လိုက်ပါကြတယ် ။ ဘုရင်အလောင်းစည်သူ အင်းလေးကန်ဆီ ရောက်စဉ်အခိုက် ထားဝယ်သားတို့ကို အင်းလေးဒေသမှာ အခြေချနေထိုင်ဖို့ အရပ်တစ်ခု သတ်မှတ်ပြုပေးတော်မူခဲ့တယ် ။ အင်းလေးကန်ရဲ့ ပထဝီအနေအထားက ထားဝယ်သားတို့ရဲ့ နေထိုင်ကြီးပြင်းရာ (တနသ`်ာရီ ) ကမ်းရိုးတန်း ရေမြေအနေအထားနဲ့ အတော်ဆင်တူတာကြောင့် ထားဝယ်သားတို့ကို အင်းလေးကန်မှာနေထိုင်ဖို့
ဘုရင်အလောင်စည်သူမင်းကြီးက အရပ်တစ်ခုသတ်မှတ်ပေးခဲ့တယ် ။ ဘုရင်အလောင်းစည်သူမင်းကြီးဟာ သာသနာတော်မြတ် စည်ပင်၊ ပြန့်ကား၊ ထွန်းကားဖို့ လိုလားသူဖြစ်တဲ့အလျောက်
 မဟာဗောဓိသား၊သရက္ခာန် နံ့သာနှစ်သား နဲ့ မြတ်စွာဘုရား ရုပ်ပွားတော်(၅)ဆူ ထုလုပ်တော်မူပြီး (သန်းတောင်ရွာ) အရပ်မှာတည်ထားကိုးကွယ်ခဲ့တယ် ။  ဘုရား ဝေယာဝစ္စ အတွက် ထားဝယ်သားတို့နေခဲ့ရတာလည်းဖြစ်နိုင်တယ် ။ (သန်းတောင်ရွာ)ဒေသခံ အင်းသားတွေ ရှိနှင့်နေပြီးသားလည်းဖြစ်နိုင်ပါတယ် ။
 .........ဒုတိယ ယုံကြည်မှု သဏ္ဍာရီ က ..
 ကျွန်တော်တို့တတွေဟာ ဟိုး..ပုဂံခေတ်အစမှ ဘိုးဘွားဘီဘင်အစဉ်လိုက် အင်းလေးဒေသ ဖက်ကို ဆင်းသက်နေထိုင်လာခဲ့ကြတာ ဘုရင်အလောင်းစည်သူ မရောက်မှီကတည်းကဖြစ်တယ်  ။ ဘုရင်အလောင်းစည်သူ ရောက်အလာ အင်းသားတို့ကိုယ်၌က ဖောင်စကြ`်ာအတွက်   ရေတပ်မတော်အဖြစ် အမှုထမ်းလိုလှတာကြောင့် ကိုယ့်ဆန္ဒတွေကို    ဘုရင်ဆီလျောက်တင်ခွင့်ပန်လို့ မြန်မာတံခွန် တောင်စွန်အရပ်ရောက်အောင်  
လိုက်ပါလာခဲ့ကြတယ် ။ ဘုရင်ခွင့်ပြုချက်နဲ့ အခြေကျနေဖို့ ဒေသတစ်ရပ်ဖွင့်ခဲ့တာ
  ထိုမှနောင်  ယခုတိုင်အောင် ထားဝယ်အမည်နဲ့ တည်ဆဲရှိတယ်လို့ ... အင်းသားတို့ရဲ့ ဒုတိယ ယုံကြည်မှု ဒဏ္ဍာရီပါ ။
 ........ယနေ့ယခုတိုင်အောင်ပဲ အင်းရေပြင်အောက်မှာကျွန်းတုံးကျွန်းသားအထပ်ထပ်နဲ့ မြင်နေရတာကတော့  
ဘုရင်မင်းမြတ် နန်းတော်စိုက်တည်ရာ ဖြစ်ပုံရပါတယ် ။ ကျွန်တော်တို့လူမျိုးတွေဟာ ဘုရင်အလောင်းစည်သူ ကြွရောက် မလာခင်ကတည်းက နေထိုင်နေကြသလား ၊ ဘုရင်ကြွရောက်ပြီးမှ နေထိုင်ကြသလား လို့ယနေ့ထက်တိုင် ခိုင်လုံတဲ့  အထောက်အထားတွေနဲ့ သိချင်နေမိကြပါတယ် ။ မိုင်ပေါင်းများစွာဝေးကွာပြီး ဒေသနှစ်ခုမှာနေထိုင်ကြတဲ့ လူမျိုးနှစ်စုဟာ ဘာသာစကားတူနေကြတာ အဲဒီလူမျိုးနှစ်စုဟာ ဆက်နွယ်ခဲ့ဖူးလို့ ဖြစ်နိုင်ပါတယ် ။ 
ဒီလို အသိရခက်တဲ့ ဒဏ္ဍာရီ (၂) ပုဒ်ကြောင့် ထားဝယ် နဲ့ အင်းသား ဘယ်ကစသလဲလို့ ဘယ်သူမှ ဆင်ခြေပေး ၊ မှတ်ချက်ပြု  ခြင်းမပြုကြတော့ပါ ။ ...
...........ဒါကြောင့်မို့ ကျွန်တော်တို့လူမျိုးစုကို  (တိုင်းနောင့်)လို့ ရှမ်းဘာသာနှင့်ခေါ်ဆိုကြပြီး ၊ (မန့်နောင့်) လို့လည်း ခေါ်ဆိုကြပါတယ် ။ (တိုင်းနောင့်) ရေထဲမှာနေသော ရှမ်းကလေးများလို့ အဓိပ္ပါယ်ရပြီး ၊ (မန့်နောင့်) ရေထဲမှာနေသော မြန်မာများ လို့ခေါ်ဆိုကြပါတော့တယ်။
စာကြွင်း ။    ။ ကျွန်တော် လေ့လာဖတ်ရှု့ မှတ်သားခဲ့သမျှ  မျှသာ ။ အမှားပါခဲ့ပါက                         ကျွန်တော်နဲ့သာ  သက်ဆိုင်ပါသည် ။
                   ကျွန်တော်မှားသည်များ၊ လိုအပ်သည်များကို  သင်ပြပေးဖို့                                  တောင်းပန်အပ်ပါသည် .. နယ်သား ...
Sunday, 25 July 2010
အင်းလေး အင်းပေါခုံ ရေယှဉ်မယ်များ မှတ်တမ်း(၂)
၁၃၇၁- ခုနှစ် သီတင်းကျွတ်လ 
အင်းလေးဖေါင်တော်ဦးရုပ်ရှင်တော်မြတ်စွာဘုရား 
 ဒေသစာရီကြွချီစဉ်။ 
 အင်းပေါခုံရွာ လှေယာဉ်မယ်များ မှတ်တမ်း 
အပိုင်း(၂)
 ရပ်ရွာများဖွံ့ဖြိုးတိုးတက်လာသောအခါ ဖောင်တော်ဦးရုပ်ပွားတော်များကို မူလခြောက်ဌာနမှရှစ်ဌာနသို့လည်းကောင်းထိုမှတိုးတက်၍ ၁၂ဌာန၊ ၁၉ဌာန၊ ရက်ပေါင်း
၁၅ရက်ကြွချီခြင်းပြုပြီး ယခုအခါအင်းလေးကန်အရှေ့၊ အနောက်၊ တောင်၊ မြောက် ၂၁ ဌာနသို့သီတင်းကျွတ်
လဆန်း ၁ရက်မှ လပြည့်ကျော် ၃ရက်အထိ ၁၈ ရက်မျှပွဲလမ်းသဘင် အလှူ  ဒါနများတိုးကာ ကျင်းပလာခဲ့ကြ
သည်။ တိုင်းပြည်အုပ်စိုးသော မင်းအဆက်ဆက်မှ ယနေ့ထိဖောင်တော်ဦး ဘုရားရုပ်ပွားတော်များ ဒေသစာရီကြွချီပွဲကို နှစ်စဉ်ကျင်းပခဲ့ရာ သီတင်းကျွတ်လဆန်း၁ရက်တွင် ကျောင်းတော်မှ အင်းတိမ်သို့ပင့်ပြီး ဒေသစာရီခရီးစဉ်စသည်။ သီတင်းကျွတ်  လပြည့်ကျော်၃ရက်တွင် မူလ စံကျောင်းတော်သို့ ပြန်ဝင်ပြီး ကျောင်းတော်ဝင်ပွဲကြီးကို ခြိမ့်ခြိမ့်သဲကျင်းပသည်။  ခရီးစဉ် ၂၁ဌာနကို ၁၈ရက်ကြာသည်။     အထူးသဖြင့် ရွာမတွင်နှစ်ညအိပ်သည်။ ညောင်ရွှေမြို့တွင် သုံးညတိတိကိန်းဝပ်သည်။   ညောရွှေမြို့တွင် ရှေ့ကပင်ပွဲတော်စည်ကားသည့် အလျောက်ယခုနှစ်အထိ စည်ကားခဲ့သည်။ အဋ္ဌဒီသာစံကျောင်းတော်ကြီးတွင် စံပယ်ကာ ရပ်ဝေး ရပ်နီးဘုရားဖူး
ပြည်တွင်းပြည်ပမှလာရောက်ကြည်ညိုကြသည်။ဇာတ်အငြိမ့်ရုပ်ရှင်ပွဲဈေးတန်းများနှင့်ပြည့်နှက်နေသလို တိုင်းရင်းသားယဉ်ကျေးမှု အကပြိုင်ပွဲ၊ ပြပွဲများအင်းသားရိုးရာလှေပြိုင်ပွဲများပါကျင်းပကြသည်။
 ယခုအခါတွင် ရာကျော်လှေအမျိုးသားပြိုင်ပွဲ၊ ၄၆  တက်အမျိုးသမီးပြိုင်ပွဲ ဆွမ်းပို့လှေအလှပြင်၊ ဘုရားကြိုယိမ်း  (ရွာမ၊ အင်းပေါခုံ၊ ညောင်ရွှေလှပျိုဖြူများ)စသည်ဖြင့် ဆုရသည်။  ထို့အတူ ကျောင်းတော်ဝင်ပွဲတွင်
လည်း ထိုပြိုင်ပွဲ၊ ပြပွဲများပါဝင်ကြသည်။  ကရဝိတ်ဖောင်ကြီးကိုလည်း ယခင်က ဝါးများ၊ နှီးများဖြင့် စက္ကူကပ်
ဆေးခြယ်ရုပ်လုံးဖော်ခဲ့သော်လည်း လွန်ခဲ့သောရှစ်နှစ်ခန့်မှစ၍ လယ်ခြေရွာမှဦးလှကျော် မိသားစု၏လက်ရာ၊သံပြား၊ သံပန်းသံလှေများဖြင့် အစားထိုးတည်ဆောက်ခဲ့ပြီးဖြစ်၍ ခိုင်ခံ့လှပသော ကရဝိတ်လှေကြီးဖြစ်သည်။
ဘုရားပင့်ဆောင်ရာတွင် လင်းကင်းရွာမှ   ညောင်ရွှေမြို့သို့ပင့်ဆောင်ချိန်၊ ညောင်ရွှေမှ မိုင်းသောက်ရွာသို့ပင့်ဆောင်ချိန်၊ မိုင်းသောက်ရွာမှသလဲဦးရွာသို့ ပင့်ဆောင်ချိန်အင်းလယ်မှ တွေ့ရဖူးရသောရှုခင်းများသည်ဓါတ်ပုံဗီဒီယို မှတ်တမ်းတင်၍ အကောင်းဆုံးအချိန်များပင်ဖြစ်သည်။ နံနက်ဆည်းဆာ၊    ညနေ ဆည်းဆာရှုခင်းအကောင်းဆုံးဘုရားပင့်နေရာများမှာ ရွှေအင်းတိမ်မှ ရွာမသို့တောင်ပိုင်းကျိုင်းခမ်းရွာမှ မိုင်းပျိုးသို့ပင့်ဆောင်ချိန်
နန်းပန်ရွာသို့ ပင့်ဆောင်ချိန်တို့သည် သီတင်းကျွတ်လပြည့်နှင့်တိုက်ဆိုင်သော   အဖိတ်နေ့ အခါနေ့များဖြစ်၍
ဘုရားကြိုလှေများတွင်မီးပုံများ မီးပူဇော်ကြ၊ ဓမ္မစကြာရွတ်ကြသော အသံများကြောင့် လွမ်းမော်ဖွယ်ရှုခင်းနှင့်အတူ ကြည်နူးသောမြင်ကွင်းများကို တွေ့ရပေသည်။ ၂၀၀၈ခုနှစ်အင်းလေးဖောင်တော်ဦးဘုရားပွဲတော်ကို
စက်တင်ဘာ  ၃၀ ရက်မှ အောက်တိုဘာ ၁၇ရက်
(သီတင်းကျွတ်လဆန်း ၁ရက်မှ သီတင်းကျွတ်လပြည့်ကျော် ၃ရက်) အထိကျင်းပခဲ့သည်။
Wednesday, 30 June 2010
အင်းလေး အင်းပေါခုံ ရေယှဉ်မယ်များ မှတ်တမ်း(၁)
၁၃၇၁- ခုနှစ် သီတင်းကျွတ်လ 
အင်းလေးဖေါင်တော်ဦးရုပ်ရှင်တော်မြတ်စွာဘုရား 
 ဒေသစာရီကြွချီစဉ်။ 
 အင်းပေါခုံရွာ လှေယာဉ်မယ်များ မှတ်တမ်း 
အပိုင်း(၁)
ဖောင်တော်ဦးဘုရားပွဲကို နှစ်စဉ် သီတင်းကျွတ်လဆန်း (၁) ရက်နေ့မှ စ၍ လပြည့်ကျော် (၃ ) ရက်နေ့အထိ စည်းကားစွာကျင်းပလေ့ရှိသည်။ သီတင်းကျွတ်လဆန်း ၁ ရက် =ရုပ်ပွားတော် ၅ ဆူမှ ၄ ဆူကို ကရ၀ိတ်ဖောင်တော်ပေါ်သို့ ပြောင်းရွှေ့ ကာ တစ်ညတာ ဖောင်ပေါ်တွင် စံနေတော်မူသည်။ ကျောင်းတော် ထုတ်ပွဲ ဟုခေါ်လေ့ရှိသည်။
ရုပ်ပွားတော်များကြွချီရာတွင် ရှေးယခင်က (၅) ဆူ စလုံး ဒေသစာရီကြွချီတော်မူသည်။ ၁၉၆၈ ခုနှစ်တွင် ဒေသစာရီလှည့်လည်တော်မူစဉ် အင်းရေပြင်၌ မိုးကြီး၊ လေကြီး သည်းထန်းစွာ ရွာသွန်းတိုက်ခိုက်ရာ ဖောင်တော်ကြီးသည် ရုပ်ပွားတော် ၅ ဆူနှင့်အတူ နစ် မြုပ်ခဲ့သည်။ လူပေါင်းများစွာတို့ ရေထဲဆင်း၍ ရုပ်ပွားတော်များကို ရှာရာတွင် ၄ ဆူကို သာ ပြန်တွေ့ ပြီး ကျန်တစ်ဆူကို ရှာ၍မတွေ့ တော့ပါ။ သို့သော် ဖောင်တော်ဦး ကျောင်း တော် သို့ ပြန်ရောက်၍ ဂန္ဒကုဋီတိုက်ဖွင့်လိုက်သည့်အခါ ရေအောက်တွင် ရှာမတွေ့  ခဲ့သော ရုပ်ပွားတော်ကို ဦးခေါင်းတွင် ရေမှော်များတင်လျှက်အတိုင်း မူလပလ္လင်ပေါ်တွင် အံ့သြဖွယ် ဖူးတွေ့ လိုက်ကြရသည်။ နောက်တစ်ကြိမ်တွင်လည်း အင်းတိမ်ရွာအရောက် တွင် မိုးလေသည်ထန်စွာ တိုက်ခိုက်လာပြန်သဖြင့် ထိုရုပ်ပွားတော်ကို ညတွင်းချင်းပင် မူလစံကျောင်းသို့ ပြန်လည်ပင့်ခဲ့ရသည်။ ထိုအချိန်မှ စ၍ ပွဲတော်ကျင်းပတိုင်း ရုပ်ပွားတော် ၄ ဆူသာ ဒေသစာရီ ကြွချီတော်မူသည်။ အပြည့်အစုံသို့ 
....... 
...... ( အလွမ်းအဆိပ်တွေကို   သိခွင့်မရခဲ့ကြဖူးသောသူများ     များပြားလာပါစေ)။
Monday, 24 May 2010
နောင်အင်းလေး
တချိန်တုန်းက
 တို့ ဘဝတွေ 
 ရေပြင်ကျယ်ထဲ 
 တစ္ကမ ၻာဘဲ..... 
ခုချိန်မှာတော့ 
 တ ရရှာပြီ 
 ရှင်သန်ပါအုံး 
 ကမ ၻာ သက္လံုးဆီ .။
သဘာဝအလွ 
 သင် ဖန်တီးပြီးမှ
လွမ်းမော တ စရာ 
 အရာရာ အဖုံဖုံ လှဖွယ်စုံညီ 
 သင် ဘယ်သူ့ ဆီနှယ်  
 ပုံအပ်ရက်တယ်  ရေပြင်ကျယ်..။ 
နွံထဲနစ်ရှာ 
ရေပျော်တဲ့ကြာပန်း 
 အသက်ဆက်လို့  လန်းစေဖို့ ရာ 
သင့် ကိုသာအပ်နှင်းလို့  
 အမေ့ကို တ သလိုမျိုး 
ဘဝအစိတ်အပိုင်းအားလုံး 
သင့် ကိုသာလိုအပ်နေတုန်း 
 ခမ်းသွားရက်တာ ရေပြင်ပြာ....
ဒီအချိန်မှာ သင့် ရင်ခွင်ထဲနေ 
 တို့ တတွေ စုန်ဆန်ကာလေ လှုပ်ရှားတယ် 
အားအပြည့်တဖန်ရချင်တယ် 
 ရေကြည်ဖောင်ဖောင် မဟုတ်တောင်မှ
 စွမ်းအင်အရေးတည်မြဲပေးဝေ
ဘီလူးချောင်းရေသွန်း 
သင် စွမ်းနိုင်သမျှ 
 ရွှေငွေဂုဏ်ရှား  မရှိငြားလည်း 
 သက်လုံးရှည်ကြာ  နေနိုင်ပါသည်
သင် သာနေသမျှ ရှိပါ့မည် 
 အကယ်၍များ..... 
 ဇရာတွေ ထောက်လို့
သင် က ခမ်းခြောက်လျှင် 
 တို့ မျိုးတွေလည်း ပျောက် 
 ဒဏ္ဍာရီ ဘဝ ရောက်မည် 
 အို...........  သင် နောင်အင်းလေး 
သား မြေး တွေအရေး  
ဟိုး   အရင်က အတိုင်း 
တို့ မျိုးတွေရဲ့ သမိုင်း
သင်  ထိန်းသိမ်းပေးပါလေ...
Sunday, 10 January 2010
အင်းလေး Inlay , Inle
ဘူမိဗေဒ ၊ ဆိုမိန့်မှသည်
ထုံးပျော်ရာမှ ၊ အခြေစလို့
ပေါက်ဖွားရှင်သန် ၊ ပျော်ဝင်ကန်လား။
နှစ်ရှည်တိုက်စား ၊ သည်ရေအားနှင့်
ချိုင့်ဝှမ်းထွင်ပေါ် ၊ ကန်ရေပျော်ကို
အဆိုတတိုင် ၊ ထုံးကျောက်အိုင်လား။
သို့တည်းမဟုတ် ၊ အက်ကြောင်းနှစ်စ
အလယ်မှသည် ၊ ပြုတ်ကာကျ၍
ရေထုအိုင်တော ၊ ပြတ်ရွှေ့ကြောလား။
ဘယ်ပုံဘယ်သို့ ၊ ဆိုငြားပါစေ
ငါချစ်တဲ့မြေ ၊ ငါတို့ရေသည်
ရှေးဘဝေသီ ၊ နှစ်သန်းချီက
အခြေစတည် ၊ ပထဝီခိုင်ခန့်
ဖိုးမဖြတ်နိုင် ၊ ရတနာအိုင်တည်း။။။
မှိုင်းပြာညို့ညော ၊ တောင်ပြာကျောလယ်
ကြာဖြူညိုနီ ၊ ရောင်စုံစီလို့
ဘယ်မတုနိုင် ၊ ပန်းချီမှိုင်မည်
လှတယ်တင့်တယ် ၊ ငါတို့နယ်ကို
သုန်းမကွယ်ရေး ၊ ထိမ်းသိမ်းပေးရန်
သမိုင်းတာဝန် ၊ တို့ကျေပွန်စေ
တွဲလက်ညီထား ၊ တို့နယ်သားဆွေ။။
။......။
တို့အင်းလေးမှာ
နှစ်သန်းရာမှ ၊ ဖွားလာရငြား
မာန်ဟုန်ပြင်းတယ် ၊ အိုင်ကျယ်တလှည့်
ထုထည်သေးကာ ၊ ရေတိမ်ခါနှင့်
နှစ်စုံအစ ၊ နှစ်ဘဝဖြင့်
ကျင်ခဲ့ရငြား ၊ ကမ္ဘာနှင့်ချီ
တည်တံစေသော ၊ ငါတို့ကန်သည်
လောကဓံဆိုင် ၊ ဘယ်မယိုင်ဘူး
တို့အဖို့ငှာ ၊ တုယူရာ၏
ဘဝစုံလင် ၊ အင်းရေပြင်ကို
အရှည်တည်ကြောင်း ၊ ကျန်ကောင်းသင့်အောင်
တို့များညီစွာ ၊ ထိန်းမည်နယ်သား။။
။...။
ဗောရိဿတ်မည် ၊ မြို့ဟောင်းတည်ရာ
(ယောင်ဟွေ့)ညောင်ရွှေမှသည် ၊ လေးမိုင်ကွာ၏
ကိုးရာခွန်ဆယ် ၊ ဧကကျယ်၍
ကျုံးနှင့်မြို့ရိုး ၊ ဝန်းကာဖြိုးသည်
ကော့ဆမ်ပီခေါ် ၊ ကောသမ္ဘီဟု
အေဒီတထောင် ၊ သမိုင်းဆောင်ယူ
ကမ္ဘောဇတိုင်း ၊ ဘုန်းခိုးရှိန်ဝါ
ထွန်းတောက်ကာနှင့် ၊ ထွင်ခဲ့ဖူး၏ ။
အေဒီခုနှစ် ၊ တစ်တစ်တစ်သုံး
ပုဂံပြည့်ရှင် ၊ တန်ခိုးရှိန်ဖြင့်
ရန်သူတရုတ် ၊ တိုက်ကာထုတ်၍
ရမ္မဝတီ ၊ မြို့သစ်တည်သည်
ဘူမိနက်သန် ၊ နေရာမှန်ကား
ရွာမိုင်းသောက်နှင့် ၊ သလဲဦးကြား
ပေပင်အနောက် ၊ မြို့တည်ဆောက်၏
သမိုင်းစုံစွာ ၊ အိမ်တော်ရာတည်း ။
ခုနှစ်တိုက်စား ၊ ကာလကြားမှာ
ရေပြင်ကျယ်စိမ့် ၊ ဟဲဟိုးချိုင့်အိုင်
ဇရာအိုမင်း ၊ ပြိုကာဆင်းတယ်
ရေဝေါတောင်ပေါက် ၊ ပြိုထွက်ရောက်ချိန်
ရေလုံးလှိုင်းဆင် ၊ ပြေးကာဝင်သည်
ဟဲဟိုးသီခေါင် ၊ အင်းရေပြောင်ပြီ
သဘာဝဆိုး ၊ ကြမ္မာမိုးကြောင့်
ရေပြင်လှိုင်းအောက် ၊ စုန်းကာရောက်ပြီး
ရမ္မဝတီ ၊ လျောင်းကာစက်၏
ဆွေးဖွယ်လွမ်းသီ ၊ ဒဏ္ဍာရီတည်း
ထိုထိုသမိုင်း ၊ အရှိတိုင်းကို
တို့များဆွေတွေ ၊ အောက်မေ့ထွေထွေ
ထိန်းပါသိမ်းပါစောင့်ရှောက်ပါလေ .. တို့ဆွေနယ်သား ။
အကယ်၍များ ၊ အမှားပါလျင်
ပညာနိုမ့်ပါး ၊ ငါအယ်ကိုအား
ခွင့်လွှတ်သနား ၊ ပေးစေကြောင်းငှာ
အဆွေနယ်သား ၊ ပတ်စ်ထားပေးပါ။
။.....။
ဆက်ပါအုံးမည။်
Sunday, 20 December 2009
ရေမုဆိုး
အို ... တံငါ
လှေဦးကရပ် ၊ ခြေနှင့်ခတ်လို့
ဆောင်းကတစ်ဖက်၊ လှေတစ်ခွက်နှင့်
မှိတ်မသုန်တန့် ၊ လှော်တက်ခတ်ကာ
ဝမ်းရေးတွက်မို့၊ ငရဲလမ်းလည်း  .......   သွားရတယ်။
အို ....  တံငါ
မိုးယံမလင်း ၊ ကြယ်ရောင်ဆင်းနဲ့
လှေပေါ်မှာအိပ် ၊ တရေးမှိတ်၍
အိပ်ပျက်ခါခါ ၊ ရှိပါသော်ငြား
ဇနီးသားနဲ့၊ စီးပွားတက်ဖို့
ရေကြည်စိမ်းမြ ၊ နောင့်အလှဆီ
အားထည့်မာန်နဲ့သွားရတယ်။
Saturday, 19 December 2009
Inlay , Inle , အင်းလေး
စိတ်ကသာရောက် ၊
ကိုယ်မရောက်ဘူး။
အလွမ်းရယ်မပြေ ၊
ကိုယ်တို့ဌာနေ။
အို ....  နယ်သား
နေရှိန်ပူပူ၊ရင်ဆူဆူခိုက်
ရေပြင်ချမ်းအေး ၊ မျှော်ကာငေးလို့
အလွမ်းရယ်ဖြေ ၊ ကျေနပ်စေသား။
Monday, 23 November 2009
အဲကလဲ
ပျင်း စဉ်ခဏ
ပျော် စေရမည်
ပျက် ရာစိတ်ဆွေး
ပြေး စေသား။
စိမ်းပြာပတ်ဝန်း၊ငြိမ်းတောင်တန်းနှင့်
မြင့်တောင်ထိပ်ထက်၊လေပြေအေးနှင့်
သာယာရူ့ခင်း၊နှင်းမြူခိုးနှင့်
ကန်သာရေပြင်၊ကြည်လင်လင်နှင့်
သာသနာရောင်ဆင်း၊ထိန်ထိန်ဝင်းနှင့်
သွေးရင်းညီတွေ၊ရင်းဖေါ်ရွှေနှင့်
ပန်းဗေဒါကြာ၊မွှေ့ပျော်ကာနှင့်
သူမြင်သမျှ၊ရူ့မညီးသည့်
ဖန်သားပမာ၊ထိုရေကန်အား
ခေါ်ဆိုသမုတ်၊ဆိုရိုးလုပ်ပြီ
ပျင်းပျော်ပျက်ပြေး၊နောင်အင်းလေး ... ။