အဏုမြူလက်နက် စွမ်းအင်ထက်လည်း
မဖက်ပြိုင်ရာ စိတ်ကသာ၏
လျှပ်ဝါမိုးကြိုး လျှင်တန်ခိုးလည်း
တူနိုင်းဆိုင်လာ စိတ်ကသာ၏
ထွေထွေစွမ်းခြင်း ထိုစိတ်မင်းလည်း
နှလုံးစေရာ သူ့ဆီသာသို့
သည်ချစ်မေတ္တာ ၊ စမ်းရေပမာ နှင့် ၊ ပမာနိုင်းဆို မပြောလိုဘူး ၊ ထိုစမ်းရေမှာ ခန်းတတ်လို့ ။မဖက်ပြိုင်ရာ စိတ်ကသာ၏
လျှပ်ဝါမိုးကြိုး လျှင်တန်ခိုးလည်း
တူနိုင်းဆိုင်လာ စိတ်ကသာ၏
ထွေထွေစွမ်းခြင်း ထိုစိတ်မင်းလည်း
နှလုံးစေရာ သူ့ဆီသာသို့
မဟာသမုဒ် နက်လှဟုတ်လည်း
မယုတ်မှန်စွာ စိတ်ကသာ၏
ဝါယောအနှံ့  ပျံ့ သည်ထက်လည်း
ကဲတက်သင်္ချာ စိတ်ကသာ၏
ထွေထွေစွမ်းခြင်း ထိုစိတ်မင်းလည်း
နှလုံးစေရာ သူ့ဆီသာသို့
သည်ချစ်မေတ္တာ ၊ လစန္ဒာနှင့် ၊ ပမာနိုင်းဆို ၊ မပြောလိုဘူး ၊ ထိုစန္ဒာ တိမ်လွှာ လွှမ်းတတ်လို့ ။မယုတ်မှန်စွာ စိတ်ကသာ၏
ဝါယောအနှံ့  ပျံ့ သည်ထက်လည်း
ကဲတက်သင်္ချာ စိတ်ကသာ၏
ထွေထွေစွမ်းခြင်း ထိုစိတ်မင်းလည်း
နှလုံးစေရာ သူ့ဆီသာသို့
မဟာပထ၀ီ လေးသည်ထက်လည်း
စီးသည်ချိန်မှာ စိတ်ကသာ၏
စွမ်းပါဘိခြင်း သည်စိတ်မင်းလည်း
နှလုံးစေရာ သူ့ဆီသာသို့
သည်ချစ်မေတ္တာ ၊ ပန်းရွှေကြာနှင့် ပမာနိုင်းဆို ၊ မပြောလိုဘူး ၊ ထိုပန်းရွှေကြာ နွမ်းတတ်လို့ ။ စီးသည်ချိန်မှာ စိတ်ကသာ၏
စွမ်းပါဘိခြင်း သည်စိတ်မင်းလည်း
နှလုံးစေရာ သူ့ဆီသာသို့
လူရည်ညံ့ညံ့ ငကြောက်ရွံ့ ၏
နောက်တွန့်စွဲသုံး သည်းနှလုံးဝယ်
အရှုံးကိုပင်
ပေးချင်ဆက်ဆက် ဦးခေါင်းဝှက်သည်
ငှက်ကုလားအုပ် မှိုင်ကုပ်ကုပ်တည့် ။
နေမင်းအရှိန် နှလုံးအိမ်ဖြင့် ၊ နှင်းပွင့်ဝေသီ ချစ်ကျွန်းဆီသို့
အပူရုပ်နှင့် လွှမ်းအုပ်ကာဆို ၊ မသွားလိုဘူး ၊ စနိုးရုပ်ကလေး အရည်ပျော်မှာစိုးတတ်လို့ ။နောက်တွန့်စွဲသုံး သည်းနှလုံးဝယ်
အရှုံးကိုပင်
ပေးချင်ဆက်ဆက် ဦးခေါင်းဝှက်သည်
ငှက်ကုလားအုပ် မှိုင်ကုပ်ကုပ်တည့် ။
နေမင်းအရှိန် နှလုံးအိမ်ဖြင့် ၊ နှင်းပွင့်ဝေသီ ချစ်ကျွန်းဆီသို့
။။။
။