![]() |
By LadyPhyu. |
ရှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေနယ် ၊ အင်းလေးဒေသတစ်ဝိုက်မှာ အခြေစိုက်နေထိုင်ကြတဲ့ လူမျိုးစုတစ်စုကို အင်းသားလူမျိုး လို့ခေါ်ပါတယ်။ အခြေစိုက်နေထိုင်သူများလို့ ဆိုရာမှာ အင်းလေးရေပြင်ပေါ်နေထိုင်သူများ နဲ့ ရေတစ်ဝက်ကုန်းတစ်ဝက်နေထိုင်သူများ အားလုံးကိုဆိုလိုပါတယ် ။
ကျွှန်တော်တို့ အင်းသားလူမျိုးတွေဟာ သည်ဒေသရဲ့ မူလတိုင်းရင်းသားများ ဟုတ်တယ်၊ မဟုတ်ဘူးလို့ ကျွှန်တော်တို့ ကိုယ်၌ကလည်း ယနေ့ထိတိုင် ခိုင်လုံတဲ့ အထောက်အထား ရှာဖွေနေဆဲပါပဲ ။ ကျွန်တော်တို့ဟာ ရှမ်းပြည်နယ်ရဲ့ လူမျိုးစုတစ်စု ဖြစ်ပေမယ့် ရှမ်းထက် မြန်မာဆန်ကြပါတယ် ။ စကားအသံ လေယူလေသိမ်း တွေက အလွန်ရှေးကျတဲ့ မြန်မာစကားသံနဲ့ တူလှတယ် ။ မျက်နှာပုံပန်း ကိုယ်ခန္ဓာအချိုးအဆက်တွေက မြန်မာနဲ့ပိုဆင်ကြတယ် ။ အဲဒါကြောင့် ကျွန်တော်တို့တွေဟာ တိဗက်-မြန်မာ အနွယ်ဝင် လူမျိုးစုတစ်စု
ဖြစ်နိုင်ချေရှိတယ်လို့ ယူဆနိုင်ပါတယ် ။ စကားလုံးဝေါဟာရဆိုရင် ရခိုင်လူမျိုး ၊ ထားဝယ်လူမျိုးတို့ရဲ့ စကားလုံးနဲ့ဆင်တူတာတွေရှိတယ် ။ ရခိုင် ၊ ထားဝယ် လူမျိုးအုပ်စုခွဲတွေနဲ့ နီးစပ်ဆင်တူတဲ့ လူမျိုးစုတစ်စု လည်းဖြစ်နိုင်ပါတယ် ။ အချို့လူတွေကတော့ ကျွန်တော်တို့ကို ထားဝယ်လူမျိုးမှ ဆင်းသက်ဆက်နွယ်တယ်လို့ ဆိုကြတယ် ။
....... အင်းလေးလူ့ရိပ်မြုံအတွင်းမှာတော့ ဘိုးစဉ်ဘောင်ဆက်ကနေ ယနေ့ထိတိုင် အဆင့်ဆင့်ပြောဆို လက်ဆင့်ကမ်းလာတဲ့ ဒဏ္ဍာရီ (၂) ပုဒ်ရှိလေရဲ့ ။
....ပထမ ယုံကြည်မှု ဒဏ္ဍာရီ က .. အေဒီ ၁၀၄၄ ပုဂံပြည့်ရှင်တစ်ပါးဖြစ်တဲ့ ၊ မြန်မာ့နန်းရိုးစခဲ့တဲ့ ၊ ပထမမြို့တည် ၊ နန်းတည် ဘုရင်အနော်ရထာရဲ့ မြစ်တော်ကြီး
ဘုရင်အလောင်းစည်သူ ဟာ တိုင်းပြည်တနံတလျား ခရီးသွားရာမှာ ထားဝယ်သားတို့ နောက်တော်ပါးအဖြစ်လိုက်ပါကြတယ် ။ ဘုရင်အလောင်းစည်သူ အင်းလေးကန်ဆီ ရောက်စဉ်အခိုက် ထားဝယ်သားတို့ကို အင်းလေးဒေသမှာ အခြေချနေထိုင်ဖို့ အရပ်တစ်ခု သတ်မှတ်ပြုပေးတော်မူခဲ့တယ် ။ အင်းလေးကန်ရဲ့ ပထဝီအနေအထားက ထားဝယ်သားတို့ရဲ့ နေထိုင်ကြီးပြင်းရာ (တနသ`်ာရီ ) ကမ်းရိုးတန်း ရေမြေအနေအထားနဲ့ အတော်ဆင်တူတာကြောင့် ထားဝယ်သားတို့ကို အင်းလေးကန်မှာနေထိုင်ဖို့
ဘုရင်အလောင်စည်သူမင်းကြီးက အရပ်တစ်ခုသတ်မှတ်ပေးခဲ့တယ် ။ ဘုရင်အလောင်းစည်သူမင်းကြီးဟာ သာသနာတော်မြတ် စည်ပင်၊ ပြန့်ကား၊ ထွန်းကားဖို့ လိုလားသူဖြစ်တဲ့အလျောက်
မဟာဗောဓိသား၊သရက္ခာန် နံ့သာနှစ်သား နဲ့ မြတ်စွာဘုရား ရုပ်ပွားတော်(၅)ဆူ ထုလုပ်တော်မူပြီး (သန်းတောင်ရွာ) အရပ်မှာတည်ထားကိုးကွယ်ခဲ့တယ် ။ ဘုရား ဝေယာဝစ္စ အတွက် ထားဝယ်သားတို့နေခဲ့ရတာလည်းဖြစ်နိုင်တယ် ။ (သန်းတောင်ရွာ)ဒေသခံ အင်းသားတွေ ရှိနှင့်နေပြီးသားလည်းဖြစ်နိုင်ပါတယ် ။
.........ဒုတိယ ယုံကြည်မှု သဏ္ဍာရီ က ..
ကျွန်တော်တို့တတွေဟာ ဟိုး..ပုဂံခေတ်အစမှ ဘိုးဘွားဘီဘင်အစဉ်လိုက် အင်းလေးဒေသ ဖက်ကို ဆင်းသက်နေထိုင်လာခဲ့ကြတာ ဘုရင်အလောင်းစည်သူ မရောက်မှီကတည်းကဖြစ်တယ် ။ ဘုရင်အလောင်းစည်သူ ရောက်အလာ အင်းသားတို့ကိုယ်၌က ဖောင်စကြ`်ာအတွက် ရေတပ်မတော်အဖြစ် အမှုထမ်းလိုလှတာကြောင့် ကိုယ့်ဆန္ဒတွေကို ဘုရင်ဆီလျောက်တင်ခွင့်ပန်လို့ မြန်မာတံခွန် တောင်စွန်အရပ်ရောက်အောင်

လိုက်ပါလာခဲ့ကြတယ် ။ ဘုရင်ခွင့်ပြုချက်နဲ့ အခြေကျနေဖို့ ဒေသတစ်ရပ်ဖွင့်ခဲ့တာ
ထိုမှနောင် ယခုတိုင်အောင် ထားဝယ်အမည်နဲ့ တည်ဆဲရှိတယ်လို့ ... အင်းသားတို့ရဲ့ ဒုတိယ ယုံကြည်မှု ဒဏ္ဍာရီပါ ။
........ယနေ့ယခုတိုင်အောင်ပဲ အင်းရေပြင်အောက်မှာကျွန်းတုံးကျွန်းသားအထပ်ထပ်နဲ့ မြင်နေရတာကတော့

ဘုရင်မင်းမြတ် နန်းတော်စိုက်တည်ရာ ဖြစ်ပုံရပါတယ် ။ ကျွန်တော်တို့လူမျိုးတွေဟာ ဘုရင်အလောင်းစည်သူ ကြွရောက် မလာခင်ကတည်းက နေထိုင်နေကြသလား ၊ ဘုရင်ကြွရောက်ပြီးမှ နေထိုင်ကြသလား လို့ယနေ့ထက်တိုင် ခိုင်လုံတဲ့ အထောက်အထားတွေနဲ့ သိချင်နေမိကြပါတယ် ။ မိုင်ပေါင်းများစွာဝေးကွာပြီး ဒေသနှစ်ခုမှာနေထိုင်ကြတဲ့ လူမျိုးနှစ်စုဟာ ဘာသာစကားတူနေကြတာ အဲဒီလူမျိုးနှစ်စုဟာ ဆက်နွယ်ခဲ့ဖူးလို့ ဖြစ်နိုင်ပါတယ် ။
ဒီလို အသိရခက်တဲ့ ဒဏ္ဍာရီ (၂) ပုဒ်ကြောင့် ထားဝယ် နဲ့ အင်းသား ဘယ်ကစသလဲလို့ ဘယ်သူမှ ဆင်ခြေပေး ၊ မှတ်ချက်ပြု ခြင်းမပြုကြတော့ပါ ။ ...
...........ဒါကြောင့်မို့ ကျွန်တော်တို့လူမျိုးစုကို (တိုင်းနောင့်)လို့ ရှမ်းဘာသာနှင့်ခေါ်ဆိုကြပြီး ၊ (မန့်နောင့်) လို့လည်း ခေါ်ဆိုကြပါတယ် ။ (တိုင်းနောင့်) ရေထဲမှာနေသော ရှမ်းကလေးများလို့ အဓိပ္ပါယ်ရပြီး ၊ (မန့်နောင့်) ရေထဲမှာနေသော မြန်မာများ လို့ခေါ်ဆိုကြပါတော့တယ်။
စာကြွင်း ။ ။ ကျွန်တော် လေ့လာဖတ်ရှု့ မှတ်သားခဲ့သမျှ မျှသာ ။ အမှားပါခဲ့ပါက ကျွန်တော်နဲ့သာ သက်ဆိုင်ပါသည် ။
ကျွန်တော်မှားသည်များ၊ လိုအပ်သည်များကို သင်ပြပေးဖို့ တောင်းပန်အပ်ပါသည် .. နယ်သား ...

3 comments:
မသိသေးတဲ့ သမိုင်းကြောင်းတွေ သိလိုက်ရလို့ ကျေးဇူးပါ အယ်ကိုရေ...။
ကိုယ့်အမျိုးအနွယ်ကို အလေးထားတတ်တဲ့လူလေးအတွက် ဘွားဘွားဂုဏ်ယူတယ်း)
ဘွားဘွားမြေးမို့လို့ ပိုဂုဏ်ယူတယ်း))
သိချင်နေတာတွေ ခုမှပဲ သိရတော့တယ်
Post a Comment