၁၃၇၁- ခုနှစ် သီတင်းကျွတ်လ
အင်းလေးဖေါင်တော်ဦးရုပ်ရှင်တော်မြတ်စွာဘုရား
ဒေသစာရီကြွချီစဉ်။
အင်းပေါခုံရွာ လှေယာဉ်မယ်များ မှတ်တမ်း
အပိုင်း(၂)
ရပ်ရွာများဖွံ့ဖြိုးတိုးတက်လာသောအခါ ဖောင်တော်ဦးရုပ်ပွားတော်များကို မူလခြောက်ဌာနမှရှစ်ဌာနသို့လည်းကောင်းထိုမှတိုးတက်၍ ၁၂ဌာန၊ ၁၉ဌာန၊ ရက်ပေါင်း
၁၅ရက်ကြွချီခြင်းပြုပြီး ယခုအခါအင်းလေးကန်အရှေ့၊ အနောက်၊ တောင်၊ မြောက် ၂၁ ဌာနသို့သီတင်းကျွတ်
လဆန်း ၁ရက်မှ လပြည့်ကျော် ၃ရက်အထိ ၁၈ ရက်မျှပွဲလမ်းသဘင် အလှူ ဒါနများတိုးကာ ကျင်းပလာခဲ့ကြ
သည်။ တိုင်းပြည်အုပ်စိုးသော မင်းအဆက်ဆက်မှ ယနေ့ထိဖောင်တော်ဦး ဘုရားရုပ်ပွားတော်များ ဒေသစာရီကြွချီပွဲကို နှစ်စဉ်ကျင်းပခဲ့ရာ သီတင်းကျွတ်လဆန်း၁ရက်တွင် ကျောင်းတော်မှ အင်းတိမ်သို့ပင့်ပြီး ဒေသစာရီခရီးစဉ်စသည်။ သီတင်းကျွတ် လပြည့်ကျော်၃ရက်တွင် မူလ စံကျောင်းတော်သို့ ပြန်ဝင်ပြီး ကျောင်းတော်ဝင်ပွဲကြီးကို ခြိမ့်ခြိမ့်သဲကျင်းပသည်။ ခရီးစဉ် ၂၁ဌာနကို ၁၈ရက်ကြာသည်။ အထူးသဖြင့် ရွာမတွင်နှစ်ညအိပ်သည်။ ညောင်ရွှေမြို့တွင် သုံးညတိတိကိန်းဝပ်သည်။ ညောရွှေမြို့တွင် ရှေ့ကပင်ပွဲတော်စည်ကားသည့် အလျောက်ယခုနှစ်အထိ စည်ကားခဲ့သည်။ အဋ္ဌဒီသာစံကျောင်းတော်ကြီးတွင် စံပယ်ကာ ရပ်ဝေး ရပ်နီးဘုရားဖူး
ပြည်တွင်းပြည်ပမှလာရောက်ကြည်ညိုကြသည်။ဇာတ်အငြိမ့်ရုပ်ရှင်ပွဲဈေးတန်းများနှင့်ပြည့်နှက်နေသလို တိုင်းရင်းသားယဉ်ကျေးမှု အကပြိုင်ပွဲ၊ ပြပွဲများအင်းသားရိုးရာလှေပြိုင်ပွဲများပါကျင်းပကြသည်။
ယခုအခါတွင် ရာကျော်လှေအမျိုးသားပြိုင်ပွဲ၊ ၄၆ တက်အမျိုးသမီးပြိုင်ပွဲ ဆွမ်းပို့လှေအလှပြင်၊ ဘုရားကြိုယိမ်း (ရွာမ၊ အင်းပေါခုံ၊ ညောင်ရွှေလှပျိုဖြူများ)စသည်ဖြင့် ဆုရသည်။ ထို့အတူ ကျောင်းတော်ဝင်ပွဲတွင်
လည်း ထိုပြိုင်ပွဲ၊ ပြပွဲများပါဝင်ကြသည်။ ကရဝိတ်ဖောင်ကြီးကိုလည်း ယခင်က ဝါးများ၊ နှီးများဖြင့် စက္ကူကပ်
ဆေးခြယ်ရုပ်လုံးဖော်ခဲ့သော်လည်း လွန်ခဲ့သောရှစ်နှစ်ခန့်မှစ၍ လယ်ခြေရွာမှဦးလှကျော် မိသားစု၏လက်ရာ၊သံပြား၊ သံပန်းသံလှေများဖြင့် အစားထိုးတည်ဆောက်ခဲ့ပြီးဖြစ်၍ ခိုင်ခံ့လှပသော ကရဝိတ်လှေကြီးဖြစ်သည်။
ဘုရားပင့်ဆောင်ရာတွင် လင်းကင်းရွာမှ ညောင်ရွှေမြို့သို့ပင့်ဆောင်ချိန်၊ ညောင်ရွှေမှ မိုင်းသောက်ရွာသို့ပင့်ဆောင်ချိန်၊ မိုင်းသောက်ရွာမှသလဲဦးရွာသို့ ပင့်ဆောင်ချိန်အင်းလယ်မှ တွေ့ရဖူးရသောရှုခင်းများသည်ဓါတ်ပုံဗီဒီယို မှတ်တမ်းတင်၍ အကောင်းဆုံးအချိန်များပင်ဖြစ်သည်။ နံနက်ဆည်းဆာ၊ ညနေ ဆည်းဆာရှုခင်းအကောင်းဆုံးဘုရားပင့်နေရာများမှာ ရွှေအင်းတိမ်မှ ရွာမသို့တောင်ပိုင်းကျိုင်းခမ်းရွာမှ မိုင်းပျိုးသို့ပင့်ဆောင်ချိန်
နန်းပန်ရွာသို့ ပင့်ဆောင်ချိန်တို့သည် သီတင်းကျွတ်လပြည့်နှင့်တိုက်ဆိုင်သော အဖိတ်နေ့ အခါနေ့များဖြစ်၍
ဘုရားကြိုလှေများတွင်မီးပုံများ မီးပူဇော်ကြ၊ ဓမ္မစကြာရွတ်ကြသော အသံများကြောင့် လွမ်းမော်ဖွယ်ရှုခင်းနှင့်အတူ ကြည်နူးသောမြင်ကွင်းများကို တွေ့ရပေသည်။ ၂၀၀၈ခုနှစ်အင်းလေးဖောင်တော်ဦးဘုရားပွဲတော်ကို
စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၁၇ရက်
(သီတင်းကျွတ်လဆန်း ၁ရက်မှ သီတင်းကျွတ်လပြည့်ကျော် ၃ရက်) အထိကျင်းပခဲ့သည်။

5 comments:
တောင်ကြီးတန်ဆောင်တိုင်မီးပုန်းပွဲတော် တော့ရောက်ဖူးတယ်..
အင်းလေးပွဲတော့မရောက်ဖူးသေးဘူး..
မျှဝေပေးတာကျေးဇူးပါ အယ်ကိုရေ...
အင်းလေးကို လာလည်ဖို့နွေးထွေးစွာ
လှိုက်လှိုက်လှဲလှဲ
ဖိတ်ခေါ်ပါတယ် နတ်သမီးရေ.... =)
အင်းလေးကို တစ်ခါးမှ မရောက်ဖူးသေးဘူး..။
တခေါက်လောက်တော့ ရောက်ဖူးချင်ပါဘိ အယ်ကိုရေ..။
အိမ်လည်ခေါ်ပြီး လာလည်တဲ့အခါ အိမ်ရှင်လည်း မရှိပဲနဲ့ :P
ဘုရားကြိုလှေမှာ မီးပူဇော်ပွဲတဲ့။
တစ်ခါမှ မကြုံဖူးဘူး ။ ={
တစ်နေ့တော့ မျက်ဝါးထင်ထင် ကြည်ညိုရဦးမယ် ထင်တာပဲ လူကလေးရယ်။
@ မမြတ်မွန်ရေ.. ကျနော်တို့အင်းလေးကို လာဖြစ်အောင်လာခဲ့ပါအုံးလို့ ဝမ်းမြောက်ဝမ်းသာ ဖိတ်ခေါ်ပါတယ်...။
..........
@ ဘွားဘွားရေ... အိမ်ရှင်တွေရှိပါတယ်ဗျာ..
သူတို့က ဘွားဘွားကို နွေးနွေးထွေးထွေး ကြိုဆိုပါလိမ့်မယ်.. =) .. အာရုံဆွမ်းမှီအောင် နံနက်(၂)နာရီကတည်းက ဘုရားကြိုမယ့် လှေတွေမှာ ဆီမီးအလှဆင်ယင်ပြီး စုန်ဆင်းကြ၊ဆန်တက်ကြ လို့ ဘုရားရှင်ကိုပူဇော်ကြပါတယ် ဘွားဘွား.. =)
ဘွားဘွား ရောက်အောင်လာခဲ့ပါအုံး.. :)
Post a Comment