Friday, 25 December 2009

XMas တမ်းချင်း

ဒီဇင်ဘာနေ့ ၊ ၂၀၀၉ မှာလည်း
ကိုယ်ရေကံငယ် ၊ ( ဒီဇင် ) ဖယ်သော်
ခမ်းဘုံဘဝ ၊ စိတ္တဇနေ့
တသလွင့်မျှော ၊ အတောမသတ်
ခရစ္စမတ်မှာ ၊ လိပ်ပြာမကပ်ဘူး။
နိမ့်တုံမြင့်တုံ ၊ တနေ့ကုန်ပြီ
ရက်မဟာလည်း ၊ တယောက်ထည်းကိုယ်
နာကျဉ်နှလုံး ၊ မချိပြုံးနှင့်
လမ်းဟောင်းမှာဘဲ ၊ တဝဲဝဲတည်း ။
စာနာသိထား ၊ အသင်အားလည်း
လှိုက်လှဲမေးဖော် ၊ မရှိသော်ကား
ဒီနောင့်ရင်မှာ ၊ အကြင်နာတေး
ငယ်ဖော်လေးအား ၊ သယ်လာပေးသည်
ထားရက် ပစ်ရက် ၊ နေရက်လေခြင်း
ငြူ စူကင်းစေ ၊ ဒီဇင်ဘာတေး
နားဆင်သောတ ၊ ဖြေသိမ့်ကြစေ ။











တသလွင့်မိ နောင့်အသိဆီ

3 comments:

ဘွားဘွား said...

နာကျဉ်နှလုံး ၊ မချိပြုံးနဲ့ ပေမယ့်
စာလာဖတ်သူကိုလည်း
သီချင်းနဲ့ ဖြေသိမ့်စေချင်တာ
စိတ်နှလုံးကောင်းလိုက်တာ။

ခရစ္စမတ်မှာ ၊ လိပ်ပြာမကပ်ပေမယ့်
နှစ်သစ်မှာ ပျော်ရွှင်နိုင်ပါစေ
လူကလေးရေ...

လူကလေး said...

နှစ်သစ်မှာ မြူးစစ်တွေထုတ် ကဗျာတွေလုပ်ပြီး မြူးစစ်နဲ့ကဗျာ သားရဲ့ကမ္ဘာဆီတည့်တည့်တန်းတန်း ပီတိလှမ်းလေးပေါ့ ဘွားဘွားဆုနဲ့ ဂိုးမယ် ...

ဘွားဘွား said...

အခုတင်ထားတဲ့ သီချင်းတွေက လူကလေးဆိုတာလား။ ဘွားဘွားက မသိပါဘူး။ တော်လိုက်တာ။

တကယ်ကောင်းတာပဲ လူကလေးရယ်
ဘွားဘွားအမြဲလာနားထောင်ဖြစ်တာပါ။
အဲဒီသီချင်းတွေကို html လေးလုပ်ပေးထားပါလား ဘွားဘွားစာမျက်နှာမှာ တင်ထားချင်လို့ပါ။