Thursday 19 November 2009

ဝဲ့ငယ်

၁၁.၉.၈၇ တွင်၊လောကထဲသို့
လူငယ်တစ်ယောက်၊ထွန်းပေါက်ခဲ့၏
အောင်မြင်ခရီး၊ပန်းတိုင်ကြီးသို့
သူ့လမ်းသူထွင်၊ဂုဏ်ယူဝင့်ကြွား
ငယ်သောသားသည်၊မျိုးဆွေများတွက်
ကြွားဝင့်ဂုဏ်ရည်၊တင့်ခဲ့ပေတည်း။

ငယ်သော်ကသား၊ကြီးသော်အားဟု
ဝံ့ကြွားမိဘ၊ဆိုနိုင်ကြပြီ။

သဘင်သည်လမ်း၊သူခက်လှမ်းစဉ်
မျက်မမြင်ဘဲ၊ညီထွေလိုက်လျော
မိဘဇောနှင့်၊ကိုယ့်သားထွန်းပေါက်
မြေတောင်မြှောက်ထား၊မိဘတို့အား
ခါအားလျော်ညီ၊လုပ်ကြွေးပြီတည့်
ဤသည်လူမယ်၊မောင်သားငယ်အား
မျိုးကောင်းသားလို့၊ဆိုနိုင်ကြပြီ။

ဝပ်တွားရိုသေ၊အစ်ကိုတွေအား
ချစ်ထားစိတ်ဖြူ၊ကူညီလှူ၍
ကြောက်မရွှံသား၊ဦးထိပ်ထားလျက်
မြဲမြံချစ်ခင်၊ပျော်ရွှင်စေသော
ထိုညီငယ်အား၊အစ်ကိုတို့က
ဝံ့ကြွားညီကို၊ဆိုနိုင်ကြပြီ
အစ်ကိုတွေချစ်သောညီငယ်လေး။
အဖေအမေချစ်သောညီငယ်လေး။

အယ်သားငယ်ရေ...... ကိုကို..ငယ့် ကို ချစ်တယ်...

No comments: