☼... လှိုင်းလုံးကြီးတွေ ရိုတ်ခတ်ဖန်များလာခဲ့တော့ ငါ့အမွေးတောင်ပံ၊ ငါ့ခြုံလွှာတွေ ရော်ရင့်လို့ အရင်လို တောက်ပြောင်မှု မရှိတော့ဘူး ။
☼... လှိုင်းလုံးကြီးတွေကြား ကူးခတ်ဖန်များလာခဲ့တော့ ငါ့ခြေထောက်တွေ စုတ်ပြဲလို့ လှိုင်းကြီးတွေကို ကျော်ဖြတ်အန်တုဖို့ မစွမ်းနိုင်တော့ဘူး ။
☼... လှိုင်းတွေလည်းကြမ်း သမုဒ္ဒရာအလယ်ကိုလည်း ရောက်နေခဲ့တော့ ငါခိုနားရမယ့် ကမ်းစပ်ရယ် အရမ်းဝေးလွန်းလို့ လှမ်းတောင်မမြင်နိုင်တော့ဘူး ။
☼... မွေးရပ်ရေမြေကနေ လှပတဲ့အိမ်မက်တွေမက်ရင်း ထွက်ခွာလာခဲ့တော့ အခုလိုညစဉ်တိုင်း နှိုပ်စက်တဲ့အိမ်မက်ဆိုးတွေရယ် ခြောက်ခြားလွန်းလို့ အေးအေးချမ်းချမ်းမအိပ်နိုင်တော့ဘူး ။
☼... အပေါင်းအဖော်တွေနဲ့ ဝေးကွာ တစ်ကောင်ထဲနေခဲ့တော့ ငါ့အပေါင်းအဖော်တွေလှမ်းတွေ့တဲ့အခါ နှုတ်ဆက်ရမယ့်ငါ့ဘာသာစကားရယ်
နှုတ်ဖျားကတောင်ထွက်မလာနိုင်တော့ဘူး ။
☼... တစ်ကောင်ထဲနေရဖန်များလာခဲ့တော့ လေလှိုင်းကြားထဲက မေမေ့အသံတောင်မှ နွေးထွေးမှုကို မခံစားမိနိုင်တော့ဘူး ။
☼... တစ်ကောင်ထဲနေခဲ့ရဖန်များလာခဲ့တော့ အပေါင်းအဖော်တွေကိုသတိရတိုင်း ငါ့ရှေ့က ခလုပ်ပါတဲ့ မှန်သားပြင်ပေါ်မှာ ရှာဖွေနေမိတာ ကြာလာတော့ ငါချစ်တဲ့ ငါ့အပေါင်းအဖော်တွေကို သူတို့တတွေရှိနေတဲ့ မှန်သားပြင်ကြီးလောက် သံယောဇဉ်မရှိလေတော့ဘူး ။
☼... အရပ်လေးမျက်နှာ မက ကောင်းကင်ပေါ်ကပါ ငါးဘက်ငါးတန် ရေတွေစီးဝင်ကြတော့ အခုငါကူးခပ်နေတဲ့ရေပြင်ဟာ ငြိမ်သက်မှုတွေ စိုးစိငယ်မျှကို ဘယ်လိုမှမရှိနိုင်တော့ဘူး ။
☼... မောပန်းနွမ်းလျှစွာ ကူးခတ်ဖန်များလာတော့မှ စိမ့်စမ်းရေတွေနဲ့ တည်ငြိမ်လန်းဆန်းနေတဲ့ ငါ့ရဲ့မွေးမြေ ကန်ရေပြင်ငယ်လေးဆီ အပြေးပြန် ကူးခပ်ချင်ပါပြီ ။
☼... သြော် .... တောင်ပံကျိုးပဲ့ ခြေထောက်ရယ်ကျိုးပဲ့နေပြီ ဒီဒဏ်ရာ အနာတွေရယ် ကုလို့မပျောက်နိုင်ပြီမို့ သေရမယ်သာ လွတ်လမ်းမမြင်တော့ ။ အထိအရှ ဒဏ်ရာတွေနဲ့ မေမေ့ရင်ခွင်မှာ ထာဝရ အိပ်တော့မယ် ။
☼... သြော် .... ငါ့ခမျှာ ရီစရာပဲ ... ချစ်သူပျော်ရွှင်နေတဲ့နေ့မှာမှ .... ချစ်ကြသူများရဲ့နေ့ ၊ သူတို့တွေ ပျော်ပါစေကြောင်းတောင်းဆုပေးဖို့ စကားလုံးမဲ့ပြီကော ။ ...... ။
3 comments:
ပြောတော့ပြောတာပေါ့...
ဒါပေမယ့် ...ဟိ
ချစ်သူမရှိဘူးတဲ့လား...
ချစ်တဲ့သူတော့ ရှိနေတယ်မလား..
ချစ်သူရှိတာနဲ့..ချစ်တဲ့သူရှိတာ မတူဘူးနော်..
အမမှာတော့ ချစ်သူလည်းရှိတယ်..ချစ်တဲ့သူလည်းရှိတယ်..း)
သံယောဇဉ်သမုဒယတွေဟာ အဲလိုပဲ ပူလောင်ပါတယ် လူကလေးရယ်...
ဘွားဘွား
နတ်သမီးရော ၊ ဘွားဘွားမယ်ကိုးရော စိတ်ကျန်းမာ ကိုယ်ကျန်းမာကြပါစေလို့ .. ဆုတောင်းပေးပါတယ် ။
.....
အယ်ကို ။
Post a Comment