တချိန်တုန်းက
တို့ ဘဝတွေ
ရေပြင်ကျယ်ထဲ
တစ္ကမ ၻာဘဲ.....
ခုချိန်မှာတော့
တမြေ့ မြေ့ ရင်မှာ
တ ရရှာပြီ
ရှင်သန်ပါအုံး
ကမ ၻာ သက္လံုးဆီ .။
သဘာဝအလွ
သင် ဖန်တီးပြီးမှ
လွမ်းမော တ စရာ
အရာရာ အဖုံဖုံ လှဖွယ်စုံညီ
သင် ဘယ်သူ့ ဆီနှယ်
ပုံအပ်ရက်တယ် ရေပြင်ကျယ်..။
နွံထဲနစ်ရှာ
ရေပျော်တဲ့ကြာပန်း
အသက်ဆက်လို့  လန်းစေဖို့ ရာ
သင့် ကိုသာအပ်နှင်းလို့ 
အမေ့ကို တ သလိုမျိုး
ဘဝအစိတ်အပိုင်းအားလုံး
သင့် ကိုသာလိုအပ်နေတုန်း
ခမ်းသွားရက်တာ ရေပြင်ပြာ....
ဒီအချိန်မှာ သင့် ရင်ခွင်ထဲနေ
တို့ တတွေ စုန်ဆန်ကာလေ လှုပ်ရှားတယ်
ရှေ့ ဆက်ရမယ့် မနက်ဖြန်
အားအပြည့်တဖန်ရချင်တယ်
ရေကြည်ဖောင်ဖောင် မဟုတ်တောင်မှ
စွမ်းအင်အရေးတည်မြဲပေးဝေ
ဘီလူးချောင်းရေသွန်း
သင် စွမ်းနိုင်သမျှ
စီးဆင်းပါလေ တို့ ချစ်မြေရေ..
သင့် ရဲ့ သွေးသား ၊ တို့ တွေများအကုန်
ရွှေငွေဂုဏ်ရှား မရှိငြားလည်း
သက်လုံးရှည်ကြာ နေနိုင်ပါသည်
သင် သာနေသမျှ ရှိပါ့မည်
အကယ်၍များ.....
ဇရာတွေ ထောက်လို့ 
သင် က ခမ်းခြောက်လျှင်
တို့ မျိုးတွေလည်း ပျောက်
ဒဏ္ဍာရီ ဘဝ ရောက်မည်
အို........... သင် နောင်အင်းလေး
သား မြေး တွေအရေး
ဟိုး အရင်က အတိုင်း
တို့ မျိုးတွေရဲ့  သမိုင်း
3 comments:
ဖတ်သွားပါတယ်..အယ်ကိုရေ..
အဲဒီပုံတွေ မြင်စက လေ အရမ်းကြောက်သွားတယ်။ စိတ်မကောင်းလည်း အရမ်းဖြစ်တယ် လူကလေးရယ်။
စိတ်မကောင်းပါဘူး.. အယ်ကို..
Post a Comment