Monday, 24 May 2010
နောင်အင်းလေး
တချိန်တုန်းက
 တို့ ဘဝတွေ 
 ရေပြင်ကျယ်ထဲ 
 တစ္ကမ ၻာဘဲ..... 
ခုချိန်မှာတော့ 
 တ ရရှာပြီ 
 ရှင်သန်ပါအုံး 
 ကမ ၻာ သက္လံုးဆီ .။
သဘာဝအလွ 
 သင် ဖန်တီးပြီးမှ
လွမ်းမော တ စရာ 
 အရာရာ အဖုံဖုံ လှဖွယ်စုံညီ 
 သင် ဘယ်သူ့ ဆီနှယ်  
 ပုံအပ်ရက်တယ်  ရေပြင်ကျယ်..။ 
နွံထဲနစ်ရှာ 
ရေပျော်တဲ့ကြာပန်း 
 အသက်ဆက်လို့  လန်းစေဖို့ ရာ 
သင့် ကိုသာအပ်နှင်းလို့  
 အမေ့ကို တ သလိုမျိုး 
ဘဝအစိတ်အပိုင်းအားလုံး 
သင့် ကိုသာလိုအပ်နေတုန်း 
 ခမ်းသွားရက်တာ ရေပြင်ပြာ....
ဒီအချိန်မှာ သင့် ရင်ခွင်ထဲနေ 
 တို့ တတွေ စုန်ဆန်ကာလေ လှုပ်ရှားတယ် 
အားအပြည့်တဖန်ရချင်တယ် 
 ရေကြည်ဖောင်ဖောင် မဟုတ်တောင်မှ
 စွမ်းအင်အရေးတည်မြဲပေးဝေ
ဘီလူးချောင်းရေသွန်း 
သင် စွမ်းနိုင်သမျှ 
 ရွှေငွေဂုဏ်ရှား  မရှိငြားလည်း 
 သက်လုံးရှည်ကြာ  နေနိုင်ပါသည်
သင် သာနေသမျှ ရှိပါ့မည် 
 အကယ်၍များ..... 
 ဇရာတွေ ထောက်လို့
သင် က ခမ်းခြောက်လျှင် 
 တို့ မျိုးတွေလည်း ပျောက် 
 ဒဏ္ဍာရီ ဘဝ ရောက်မည် 
 အို...........  သင် နောင်အင်းလေး 
သား မြေး တွေအရေး  
ဟိုး   အရင်က အတိုင်း 
တို့ မျိုးတွေရဲ့ သမိုင်း
သင်  ထိန်းသိမ်းပေးပါလေ...
3 comments:
မြတ်မွန် said...
ဖတ်သွားပါတယ်..အယ်ကိုရေ..
ဘွားဘွား said...
အဲဒီပုံတွေ မြင်စက လေ အရမ်းကြောက်သွားတယ်။ စိတ်မကောင်းလည်း အရမ်းဖြစ်တယ် လူကလေးရယ်။
Unknown said...
စိတ်မကောင်းပါဘူး.. အယ်ကို..