သံယောဇဉ်တွေယှက်နှော အချစ်ရဲ့သဘောဆိုတာ
မယ် ဘယ်လိုဖြေမလဲ နောင့် စိတ်မနောကပြောကြည့်မယ်
မယ် နားလည်ဖို့ရွှယ်
အမှားဘယ်လောက်နဲ့များ အမေးပုစ္ဆာဖြေရှင်းကာထားမှ
အမှန်တရားတွေရဲ့အား နောင့် ကိုယ်တွင်းမှာ များနိုင်မှာလဲကွယ်
သစ္စာတူယှဉ်ကာ ချစ်ကြရာသောအခါရယ်
တဦးနဲ့တဦးခွင့်လွှတ်ခြင်းများနဲ့သာရယ်
ချစ်အဓိပ္ပါယ် ခွဲခြားနားလည်မှ မှန်မယ်
ခိုင်မြဲစွာ မယိုင်မလဲကာ ပိုင်မြဲနေမှ
သစ္စာရယ် မပြယ်တယ် ရာသက်လုံးဖို့ကွယ်
အချစ်ရယ် အမုန်းရယ်
အပြစ်ရယ် အရှုံးရယ်ဟာတကယ်
သံသရာနယ်မှာ အဖန်တရာကျယ်စွာ
မဆုံတွေ့နိုင်ဘူးကွယ် ခက်ခဲလှတယ်
ဒီအသိတရားနဲ့ရယ် ယုံကြည်မြဲလေမှ
ပျော်ရွှင်မှု့များစွာရယ် ပိုင်ဆိုင်နိုင်လိမ့်မယ်....မယ်ရယ်
အစဉ်တွဲကာ နွဲပါ မခွဲချင်တယ်
အချစ်စိတ်နိုမ့်ပါးခိုက်ဝယ် ပျားတကာတဖွယ်
ချိုမြခြင်းကြီးစွာနဲ့ရယ် ခွင့်လွှတ်စေချင်တယ်
မုန်းပြန်ရင်တော့လည်း အချစ်ရဲ့အကျိုးပါစေကွယ်
အမြစ်လိုဘဲ တစ်ဆစ်ပိုကဲ ကုတ်တွယ်လျှက်ပါဘဲ
မယ့် အလိုသဘောနဲ့ရယ် မတွေးယူလေပါနဲ့ ...မယ်
ခါးတမာနှယ် ပေးကာကူနေမတဲ့လားကွယ်
ချစ်မပြေနိုင်တယ် သူခိုင်းစေသမျှမှာရယ်
နောင့် ကျင်လည်နေရပါလိမ့်မယ်
ဘယ်လောက်အမုန်းတွေနဲ့များ နောင့် စစ်စီရင်ခင်းကာထားမှ
မယ့် အချစ်စစ်တွေရဲ့တရား နောင့် ရင်တွင်းမှာထားနိုင်မှာလဲ...မယ်
မယ် ဖြေလှည့်ပါကွယ်။
စာကြွင်း။ ။ သုံးနှစ်လောက်အချိန်ယူထားရတဲ့ ဒီစာသားကို သုံးမိနစ်ရဲ့တဝက်လောက်နဲ့
ပြီးစလွယ်မဖတ်ပါနဲ့လား...မယ်ရယ်......... :D ..။
6 comments:
“မယ်” ဖတ်မိနိုင်ပါစေ....
---------------------------------------
အလွမ်းတွေ ပြေပျောက်နိုင်ပါစေ...အယ်ကိုရေ...
နောင့်ရဲ့အလွမ်းတွေ ပြေပျောက်နိုင်ပါစေလို့
ကျနော် အယ်ကိုလည်းဆုတောင်းပေးခဲ့ပြီးပါပြီ
အဖြူရောင်နတ်သမီးရေ။
နောင့်တယောက်ပျော်ရွှင်ပါစေလို့ ...
aelko.
သုံးနှစ်လောက်အချိန်ယူထားရတဲ့ ဒီစာသားကို သုံးမိနစ်ရဲ့တဝက်လောက်နဲ့ ပြီးစလွယ်မဖတ်ပါနဲ့လား...မယ်ရယ်......... :'( ..။
ကဗျာလေးကောင်းသလောက်..
စာကြွင်းလေးဖတ်မိတော့ ရယ်ရပါ့ဗျာ..
ကဗျာဆရာတွေရဲ့ သနားစရာဘဝလေးတွေနော်...။
မယ်တွေနားလည်ပေးနိုင်မှဖြစ်မယ်လေ ...။
(ကဗျာဖတ်ပြီး မယ်တွေဘာတွေတောင် စွဲကုန်ပြီ :p)
အာပေးနေမယ် ...
စံလင်းထွန်း
သုံးနှစ်လောက် အချိန်ယူရတဲ့ကဗျာ မယ်ဖတ်မိပါစေဘွားဘွားဆုတောင်းပေးတယ်နော် လူကလေး။
ဘွားဘွားတော့ မျက်လုံးမှုန်မှုန်နဲ့ သုံးခေါက်လောက်ဖတ်သွားတယ် လူကလေးရေ :D
အားပေးလျက်
=)
ဆောဒီးနော် နောင့်စိုင်း
ပီcomputerက ဘာဖြစ်နေမှန်းမသိဘူး
နောင့်စိုင်းရဲ့ postsကို ဖတ်မရဘဲဖြစ်နေတယ်။
ဒါကြောင့်..ဘာပြောရမှန်းမသိဘူး။ နေ့တိုင်းလိုလို လာလည်တယ်၊ နောင်အင်းလေးကိုသာ ကြည့်ကြည့်ပြီးပြန်ခဲ့ရတယ်။
သို့ပေမယ့်..
အစဉ်အားပေးပါတယ်။
မင်းရဲ့ လင်းတိုင်း
မယ်တော့ heart ထိမှာသေခြာတယ်..အယ်ကိုရေ..။
ရေးထားတာ ကောင်းတယ်..။
အားပေးလျှက်နော်..။
Post a Comment