........................မျက်နှာချင်းဆိုင် မြင်နေရတာ ဟိုး..အဝေးက နီညိုတကွက်၊ ဖြူတကွက် နဲ့ရယ်
မနိုမ့် မမြင့် အဲဟိုတောင်တန်းကြီးကို ဘာရယ်လို့မဟုတ်ပါဘဲ တော်တော်ကြာကြာ ငေးကြည့်မိပြီးသားရယ်။
သူ့အလှက စိတ်ကို မဖမ်းစားနိုင်လေတော့ ကြည့်နေရက်နဲ့ဘဲ မမြင်တချက် မြင်တချက် ရယ်လေ။
အဲဒီအခိုက်အတန့်မှာရယ် တချက်ကလေး သတိဝင်လာတယ်ဆိုရင်ဘဲ
ငေးကြည့်နေရာက ကိုယ့်မျက်နှာကို အတင်းလွှဲလိုက်မိပါရဲ့ ။ မျက်တောင်တချက်ပုတ်အခတ်မှာ ပျော်စရာကြီးပြင်းခဲ့ရတဲ့ မွေးရပ်မြေဆီက အငွေ့အသက်ရယ်က ထင်းထင်းကြီးရယ် တဒင်္ဂံ လောက်ပါဘဲ လွမ်းစရာရယ်လေ ။ ...........
............. ........ အဲဒီတုန်းကပေါ့ နွေရာသီ ကျောင်းပိတ်လို့ အဖေ၊ အမေ တို့ မျက်ခုံးလှုပ်နေတဲ့အချိန် ( ကျောင်းပိတ်ပြီဆိုရင်ဆော့လွန်းလို့လေ :lol: ) အဘိုး က သားကို သူ့ နေတဲ့ရွာ လိုက်ခဲ့ ဖို့ခေါ်တယ်။ ပျော်လိုက်တဲ့ဖြစ်ချင်းရယ် ။ ပညာရေးရယ်ကြောင့် မသက်သာလို့တာ မွေးရပ်မြေနဲ့ ခွဲခဲ့ရတာရယ် ။ သားသား လိုက်မှာပေါ့ ဘိုးဘိုးရယ် ဆယ်ခါပြန်တောင် လိုက်ချင်ရဲ့ လို့ ။ ..............
..................... မြို့ကနေထွက်ခွာလို့ ချောင်းကလေးအဆုံး မှာ ကျယ်ပြန့်တဲ့ အင်းရေပြင်ကျယ်ကြီးက သားသားကိုဆီးကြိုလို့ရယ် ။ (ခလေးငယ်ဘဝနဲ့ဆိုရင်တစ်နှစ်တာ ဆိုတာသိပ်ရှည်ကြာခဲ့လေသလားရယ်မသိ ) ရေပြင်ကျယ်ကြီးကိုကြည့်ရင်း ငါခွဲသွားမိရက်တယ် နင်လွမ်းများနေလား ဆိုတဲ့အတွေးမျိုးနဲ့လေ မျက်ရည်ကတစမ်းစမ်းရယ် သားသားငိုမိတာပေါ့။ မော်တော်ဘုတ် ရဲ့ လှေဦး ဘိုးဘိုးဘေးမှာထိုင်ရင်း ဟိုး ဝိုင်းပတ်နေတဲ့ တောင်တန်းဆီက စေတီဖြူဖြူလေးဆီမှ အကြည့်ကိုလွဲဖယ်ရင်း ဘိုးဘိုးကိုစပ်စုတော့မလို့လှည့်ကြည့်လိုက်တော့
..... သားသား ဘာလုပ်ရမလဲဆိုတာသိသွားတယ် ။ ဘိုးဘိုး လိုဘဲ သား ရဲ့ လက်နှစ်ဖက်ကို
လက်ဖဝါးချင်းကပ်ခါ ကြာဖူး လိုပုံသဏ္ဍာန် ဖြစ်အောင်လုပ်လို့ ဟိုးအဝေးက ထုံးဖြူဖြူစေတီလေးဆီ
တည့်တည့်မျက်နှာမူရင်း ဦးခိုက်ကန်တော့ လိုက်လို့ရယ် ။ ဘိုးဘိုးရယ်လေ ..သာဓု....သာဓု......သာဓု ..... လို့ ပြုံးရယ်စွာနဲ့ သားကို နွေးထွေးစွာဆိုရင်း သားရဲ့ဦးခေါင်းကို ညင်ညင်သာသာ သပ်ပေးရှာတယ်။
ဘိုးဘိုးကို သား အကြာကြီး ငေးလို့ကြည့်မိတယ် ။ ဇရာရဲ့ နိုပ်စက်မူ့တွေကြောင့်လေ ဘိုးဘိုးရဲ့မျက်ဝန်းဟာ ညိုမှိုင်းနေပါလျက်က သားကိုကြည့်ခါ သူစကားပြောလိုက်တိုင်း
သူ့မျက်ဝန်းထဲမှာ အရောင်တွေလင်းလက်သွားတတ်တာ သားအမြဲတွေ့နေကျရယ် .... ။
ဒီရေပြင်ကြီးရယ် ၊ ဘိုးဘိုးရယ် ၊ သားသားရယ် ၊ ဒီပျော်ရွှင်ရတဲ့ခံစားချက်ရယ် တွေကတစ်နှစ်မှာရယ်တစ်ခါရင်းနှီးနေကျ ။
.................... စားလက်စမုန့်လေးတွေကို လေပေါ်ပစ်မြှောက်ကာ သနားစရာဇင်ယော်လေးတွေကို
အစာကျွေးရင်း သား ပျော်လို့မဆုံးဘူး ။ ဟိုဖက်ပြေးလိုက် လှေဦးကိုပြန်ပြေးလာလိုက်နဲ့ ရေပြင်ပေါ် တက်လာတဲ့ ရောင်စုံ ငါးကလေးတွေကို ကြည့်ရတာလဲအမော ။ ခင်စရာကောင်းတဲ့ ရေခြံမောင်
ဦးလေးရေလုပ်သားတွေကို လက်ကလေးပြကာပြကာနဲ့ တာ့တာ နုတ်ဆက်ရင်းပျော်လို့ရွှင်လို့ ။
လှိုင်းပေါ်မှာ လူးလွန့်နေတဲ့ ဗေဒါ ပင် လေးတွေကို ဘိုးဘိုး မသိခင်အခိုက် လှေနံဘေးမှာ
လက်တဘက်တွဲချကာ လှမ်းကာလှမ်းကာဆွဲလိုက်နဲ့ အပျော်လွန် လို့ရယ်ပေါ့ ။
.................... ဘီလူးချောင်း လမ်းမကြီး ရဲ့ ဟော်ဟိုဖက်မှာ ဘိုးဘိုးရဲ့အိမ်ကို လှမ်းတွေ့နေရပြီ ။
တိတ်ဆိတ်အေးချမ်း လှတယ် ။ စုလဲ့ မွန်းရွှန်း တွေနဲ့ ဘိုးဘိုးရဲ့အိမ်ဟာ သစ်သားတွေနဲ့
ဆောက်ထားတဲ့ ရှေးဟောင်းအိမ်ကြီးပေါ့ ။ ချောင်းရဲ့အကွေ့အရောက် ရေပြင် နဲ့ အိမ်အခင်းကြားမှာ မည်းနက်နေတဲ့ ပျဉ်းကတိုးတိုင်ခြေရင်းကို လှမ်းမြင်နေရပြီ ။ အိမ်ရဲ့အမိုးကတော့
သက်ကယ်မိုးထားတဲ့ အပေါ်မှာ ဝါးကပ်ထရံ တွေကိုအကွက်ရိုက်ထား တာ ။ သဘာဝကပေးတဲ့ အဲယားကွန်း အိမ်ကြီးပေါ့ ။ ချစ်စရာကောင်းတဲ့ ဘိုးဘိုးရဲ့ရှေး အိမ်ကြီးပေါ်မှာတော့ အပြုံးတွေနဲ့
ဆီးကြိုနေတဲ့ ဘွားဘွားရယ်လေ အိမ်ရှေ့ တံခါးဝမှာ လက်ရယ်လှမ်းထားလို့ ။ မော်တော် ပေါ်ကနေ
ဆင်းတာနဲ့ တခါထဲဘဲ ဘွားဘွားရဲ့လှမ်းထားတဲ့ သူ့ရဲ့လက်ကိုခိုကာ ရင်ဘတ်ကြီးဆီခိုဝင် ဘွားဘွားရဲ့ ပါးပြင်ကို သားသား တအားနမ်းရှိက်လိုက်တော့တာ ။
.
.
.
PS..;. ဘွားဘွားရဲ့ရေးဟန်တွေ သား ရေးကြည့်တယ် ။ :lol: ..
4 comments:
........................မျက်နှာချင်းဆိုင် မြင်နေရတဲ့ ဟိုး..အဝေးက နီညိုတကွက်၊ ဖြူတကွက် နဲ့ရယ်
မနိုမ့် မမြင့် အဲဟိုတောင်တန်းကြီးကို ဘာရယ်လို့မဟုတ်ပါဘဲ တော်တော်ကြာကြာ ငေးကြည့်မိပြီးသားရယ်။
သူ့အလှက စိတ်ကို မဖမ်းစားနိုင်လေတော့ ကြည့်နေရက်နဲ့ဘဲ မမြင်တချက် မြင်တချက် ရယ်လေ။
အဲဒီအခိုက်အတန့်မှာရယ် တချက်ကလေး သတိဝင်လာတယ်ဆိုရင်ဘဲ
ငေးကြည့်နေရာက ကိုယ့်မျက်နှာကို အတင်းလွှဲလိုက်မိပါရဲ့ ။ မျက်တောင်တချက်ပုတ်အခတ်မှာ ပျော်စရာကြီးပြင်းခဲ့ရတဲ့ မွေးရပ်မြေဆီက အငွေ့အသက်ရယ်က ထင်းထင်းကြီးရယ် တဒင်္ဂံ လောက်ပါဘဲ လွမ်းစရာရယ်လေ ။
ဒီအပိုဒ်လေး တော်တော်ကြိုက်တယ်အယ်ကိုရေ..။
ကဗျာလေးက လွမ်းစရာလေးနဲ့
ချစ်စရာကောင်းတဲ့ အဖိုးနဲ့ အဖွားရဲ့ ချစ်စရာမြေးလေးကို မြင်ယောင်မိတယ်။
ပီတိုင်း :P
လူကလေး ဘွားဘွားကို လက်စားခြေထားတဲ့ စာလေးပေါ့။
စာလေးကောင်းတယ် လူကလေး =)
ဘွားဘွားကို လက်စားခြေထားတဲ့ စာလေး မဟုတ်ဘူးနော် ။ သားရဲ့ (ဘဝ) ကိုစကားလှမ်းပြောကြည့်တာ ။
ခံစားချက်ကြောင့်မို့လားဘဲ ဘွားဘွားစာတွေလို...
....................
..........
ဘွားဘွားရဲ့မြေးဘဲလေ :lol: :lol:
ဘွားဘွားရဲ့ ပါးပြင်ကို တအားနမ်းရှိုက်လိုက်သည်..။
ပီတိုင်းအတွက်တော့ ဘွားဘွားဆိုတာ မြင်ကိုမမြင်ဖူးလို့၊ အိမ်ရောက်မှပဲ မေ့မေ့ကိုသာ တအားနမ်းရှိုက်လိုက်တော့မယ်။
lengtai
Post a Comment