လဲပြိုကာရှုံး ၊ အတိတ်ဆုံးချိန်
ဝေဝါးမှေးမှိန် ၊ ကျဆုံးချိန်မှာ
ငါ့လိုပြိုသူ ၊ မင်းလာထူပြီး
မင်းလက်နှင့်ဆက် ၊ ငါ့အသက်ကို
တပြန်သက်ဝင် ၊ တောက်ပစေရင်း
ငါဆိုစကား ၊ သည်းခံနာရင်း
လရောင်ပမာ ၊ အလင်းပေးရှာ၏ ။
ဤသောကြောင့်
ဤသောကြောင့်
အိမ်မက်တွေခြောက် ၊ လမ်းတွေပျောက်တဲ့
နေ့ရက်ကယ်ဝေး ၊ ကြာနှယ်အေးပြီ ။
ဖန်ဆင်းပေးအပ် ၊ ဘဝမြတ်မှာ
အားငယ်စိတ်ဆွေး ၊ ချန်ကာပြေးပြီ ။
သွေးပျက်ခမန်း ၊ ဆူးပြည့်လမ်းမှာ
မှန်းရည်ပန်းတိုင် ၊ ငါတွေ့နိုင်ပြီ ။
လမ်းဆုံမှာရပ် ၊ မဆုံးဖြတ်စဉ်
မင်းညွှန်တဲ့လမ်း ၊ ငါလျောက်လှမ်းပြီ ။
သို့ပေလည်း
ကြယ်လိုမှိတ်တုတ်တလှည့်တည်း ။
2 comments:
ဘွားဘွား ကလေးကဗျာလာဖတ်ပါတယ် လူကလေး :)
ခလေးတယောက်ရဲ့ဥာဏ်မှီသလောက်ကဗျာလေးမို့ အဆီအငေါ့မတည့်တာခွင့်လွတ်ပေးပါလို့ ..
Post a Comment