Saturday 19 December 2009

Inlay , Inle , အင်းလေး

စိတ်ကသာရောက် ၊
ကိုယ်မရောက်ဘူး။
အလွမ်းရယ်မပြေ ၊
ကိုယ်တို့ဌာနေ။
အို ....  နယ်သား
နေရှိန်ပူပူ၊ရင်ဆူဆူခိုက်
ရေပြင်ချမ်းအေး ၊ မျှော်ကာငေးလို့
အလွမ်းရယ်ဖြေ ၊ ကျေနပ်စေသား။

2 comments:

မယ့်ကိုး said...

လူကလေးရဲ့
ချစ်တဲ့မြေသို့
အလွမ်းတွေပျောက်
အိမ်ပြန်ရောက်ဖို့
တောင်းဆိုခြွေလျက်...

ဘွားဘွား

လူကလေး said...

မြူးဇစ်တခု ၊ လှေကိုထုပြီး
ကဗျာဆိုအပ် ၊ လှော်တက်တပ်ကာ
အပြုံးတွေသီ ၊ အမေ့ဆီကို
ဘွားဘွားဆုနဲ့ပြန်ပါမည်။

ဘွားဘွားပေးတဲ့ဆုနဲ့ပြည့်ရပါစေ။