အို ... တံငါ
လှေဦးကရပ် ၊ ခြေနှင့်ခတ်လို့
ဆောင်းကတစ်ဖက်၊ လှေတစ်ခွက်နှင့်
မှိတ်မသုန်တန့် ၊ လှော်တက်ခတ်ကာ
ဝမ်းရေးတွက်မို့၊ ငရဲလမ်းလည်း ....... သွားရတယ်။
အို .... တံငါ
မိုးယံမလင်း ၊ ကြယ်ရောင်ဆင်းနဲ့
လှေပေါ်မှာအိပ် ၊ တရေးမှိတ်၍
အိပ်ပျက်ခါခါ ၊ ရှိပါသော်ငြား
ဇနီးသားနဲ့၊ စီးပွားတက်ဖို့
ရေကြည်စိမ်းမြ ၊ နောင့်အလှဆီ
အားထည့်မာန်နဲ့သွားရတယ်။
5 comments:
ဝမ်းရေးတွက်မို့၊ ငရဲလမ်းလည်း ....... သွားရတယ်။
တဲ့လား
ရေလုပ်သားတွေက သနားစရာပါ။
ဒါနဲ့ အားထည့်မန်က အားထည့်မာန်လား လူကလေး။
ငရဲလမ်းမှန်းသိပေမယ့် လိမ္မာစွာနဲ့ မိသားစုအရေးလုပ်ကျွေးရရှာတာ .....
လူကလေးရဲ့ပေါ့ပျက်နိုင်မှု့ပါ။
ဘွားဘွားသတိပေးလို့ ပြင်ရေးလိုက်ပါပြီ။
လူကလေး ပေါ့ပျက်တာ မဟုတ်ပါဘူး။ စာရေးသူတိုင်း မှားတတ်ပါတယ်ကွယ်
ကြိုးစား .. အင်းစား.. ကြိုးစား
ဇနီးမယားနဲ့ သမီးသား တို့ စီးပွားတက်ဖို့...
အဓိပ္ပာယ် ပြည့်ဝတဲ့ ကဗျာလေးပါ။
ခင်မင်လျှက်
Post a Comment