Sunday 13 December 2009

တို့ပေါင်

ဘွားဘွားနင်းဆန့်၊ဆူးပြည့်လမ်းမှာ
မြေးဖို့ဖေးကူ၊ သူပေးထူသော
ကြယ်စင်ကွန်းပတ် (စ်) ၊ထိုဖိနပ်နှင့်
လျားရှည်သွားခက် ၊ လောကနက်ထဲ
မြေးလူမမယ် ၊ ယိမ်းကာသယ်ပြီ
ဘွားဘွားစောင့်လင့် ၊ ကြိုလေမည်လား။
ဘွားဘွားသင်ကြား ၊ ဆိုစကားလည်း
မြေးအဖို့ငှာ ၊ သင်ခန်းစာတည်း
ဘွားမဲ့တဲ့နောက် ၊ ထပ်ထပ်ခေါက်တွေး
တန်ဖိုးလည်းသိ ၊ ကြားချင်မိသည်
အခွင့်တဖန် ၊ ကြုံအုံးမည်လား။

လောကဓံငြိုး ၊ သေလုဆိုးပါစေ
ဘဝနေညီ ၊ သုညဆီမှ
အခြေတိုးမြင့် ၊ ကျန်ကောင်းသင့်အောင်
ခေါင်းမော့ရင်ကော့ ၊ တုပြိုင်တော့သည်
ဇာနည်သတ္တိ ၊ ရှိချင်မိငြား
ဘွားဘွားလိုပြု ၊ တုနိုင်မည်လား။

လွင့်မျှောလှိုင်းထန် ၊ အထီးကျန်တိုင်း
ဘဝဒဏ်ပြည့် ၊ မျက်ရည်စို့တိုင်း
ထည်လဲဒုက္ခ ၊ ဆုံကြုံရတိုင်း
တမ်းတဟစ်ခေါ် ၊ မျှော်မည်သာတည်း
ဘွားဘွားသွေးလို  ရဲပါမည်လား။


ဘွားဘွားအတွက်သားသားရဲ့ဆုပါ။

2 comments:

မယ့်ကိုး said...

တို့ပေါင်ဆိုတာတော့ နားမလည်ဘူး။
ကဗျာလေးက ကောင်းလိုက်တာ။
ဘယ်ဘွားဘွားအတွက်ရေးတာလဲ။

မယ်ကိုးဆိုတဲ့ ဘွားဘွားအတွက် ရေးပေးတာ ဆိုရင် ဖော်မပြနိုင်အောင် ကျေးဇူးတင်ပါတယ် လူကလေးရယ်။
သေပျော်ပါပြီ =)

လူကလေး said...

တို့ပေါင် .. ဆိုတာကကျနော်လေးစားရတဲ့ လူပါ။ ဘွားဘွားရေမသေလိုက်ပါနဲ့အုံး ၊ နောင်နှစ်ခါတန်ဆောင်မုန်း ၊ ပွဲ... ကြည့်ပါအုံး။

ကျေးဇူးနော် ဘွားဘွား .......

လေးစားလျက်