Monday 23 November 2009

အဲကလဲ

ပျင်း စဉ်ခဏ
ပျော် စေရမည်
ပျက် ရာစိတ်ဆွေး
ပြေး စေသား။

စိမ်းပြာပတ်ဝန်း၊ငြိမ်းတောင်တန်းနှင့်
မြင့်တောင်ထိပ်ထက်၊လေပြေအေးနှင့်
သာယာရူ့ခင်း၊နှင်းမြူခိုးနှင့်
ကန်သာရေပြင်၊ကြည်လင်လင်နှင့်
သာသနာရောင်ဆင်း၊ထိန်ထိန်ဝင်းနှင့်
သွေးရင်းညီတွေ၊ရင်းဖေါ်ရွှေနှင့်
ပန်းဗေဒါကြာ၊မွှေ့ပျော်ကာနှင့်
သူမြင်သမျှ၊ရူ့မညီးသည့်
ဖန်သားပမာ၊ထိုရေကန်အား
ခေါ်ဆိုသမုတ်၊ဆိုရိုးလုပ်ပြီ
ပျင်းပျော်ပျက်ပြေး၊နောင်အင်းလေး ... ။

2 comments:

မယ့်ကိုး said...

ကဗျာလာဖတ်ပါတယ် လူကလေး။အဲလို အဲချင်းကဗျာပုံစံလေးတွေကို ကြိုက်တယ်။
ဆက်ရေးပါ။
အားပေးလျက်
=)

လူကလေး said...

ဘွားဘွားအားပေးမယ်ဆို သားသားပျော်တာပေါ့
ဒါပေမယ့် ဘွားဘွားကို ပြည့်စုံစွာနဲ့ဧည့်မခံနိုင်လို့
သားသားစိတ်မကောင်းဖြစ်မိပါတယ်။