Thursday 19 November 2009

မွေ့နှင့်ဖ

ကိုးလလွယ်ထား၊ဒုက္ခများတောင်
အပြုံးမပျက်၊ရင်သွေးသက်ကို
ချစ်ကြည်ယုယ၊၁၁.၉.၈၃ မှ
လောကအလယ်၊အယ်ကိုသားကြီး
အယ်ညီလူလတ်၊သားငယ်လူထွေး
ဖွားမြှောက်စေသည့်၊မွေးသမိခင်
ကျွေးဖခင်အား၊စိတ်မှာမှန်းရည်
လက်ဆယ်ဖြာမိုး၊ရှိခိုးပါ၏
ကျေးဇူးရှင်ဖေဖေနဲ့မေမေ။

ရင်သွေးလူမယ်၊ထွန်းဖို့ရွယ်၍
ဒုက္ခနွံခက်၊ခွန်းမျိုသိပ်လျှက်
သုံးဆယ်နှစ်ကြာ၊ဥစ္စာမှီးသည့်
သားများအမေ၊ကျွေးဖေဖေအား
ကိုယ်ချင်းစာသိ၊သားငိုမိ၏
ကြွေးသစ်ကြွေးဟောင်း၊နှစ်ခါလောင်းကို
သားတို့တဖန်၊ဆပ်ရစေလို့
လက်ဆယ်ဖြာမိုး၊ရှိခိုးပါ၏
ကျေးဇူးရှင်ဖေဖေနဲ့မေမေ။

လိုက်လိုက်လှဲလှဲ၊ပြုံးပြုံးပျော်ပျော်
ပေါ့ပေါ့ပါးပါး၊သားတို့အားနှင့်
သက်တောင့်သက်သာ၊နေကြပါတော့
မျိုးဂုဏ်မြင့်ကြောင်း၊လွှဲလက်ပြောင်း၍
တဖန်သားတို့၊ကြိုးပါရစေ
သားတို့ချစ်သောဖေဖေနဲ့မေမေ။

No comments: