Tuesday 19 January 2010

နွေ အ လွမ်း

 
........................မျက်နှာချင်းဆိုင် မြင်နေရတာ   ဟိုး..အဝေးက     နီညိုတကွက်၊ ဖြူတကွက် နဲ့ရယ်
မနိုမ့် မမြင့် အဲဟိုတောင်တန်းကြီးကို ဘာရယ်လို့မဟုတ်ပါဘဲ တော်တော်ကြာကြာ ငေးကြည့်မိပြီးသားရယ်။
သူ့အလှက စိတ်ကို မဖမ်းစားနိုင်လေတော့   ကြည့်နေရက်နဲ့ဘဲ    မမြင်တချက်   မြင်တချက် ရယ်လေ။
အဲဒီအခိုက်အတန့်မှာရယ်     တချက်ကလေး  သတိဝင်လာတယ်ဆိုရင်ဘဲ 
ငေးကြည့်နေရာက   ကိုယ့်မျက်နှာကို   အတင်းလွှဲလိုက်မိပါရဲ့ ။     မျက်တောင်တချက်ပုတ်အခတ်မှာ    ပျော်စရာကြီးပြင်းခဲ့ရတဲ့ မွေးရပ်မြေဆီက   အငွေ့အသက်ရယ်က ထင်းထင်းကြီးရယ်   တဒင်္ဂံ    လောက်ပါဘဲ  လွမ်းစရာရယ်လေ ။     ...........
............. ........  အဲဒီတုန်းကပေါ့     နွေရာသီ ကျောင်းပိတ်လို့ အဖေ၊ အမေ တို့  မျက်ခုံးလှုပ်နေတဲ့အချိန်          ( ကျောင်းပိတ်ပြီဆိုရင်ဆော့လွန်းလို့လေ :lol: )      အဘိုး က သားကို သူ့ နေတဲ့ရွာ  လိုက်ခဲ့ ဖို့ခေါ်တယ်။  ပျော်လိုက်တဲ့ဖြစ်ချင်းရယ် ။      ပညာရေးရယ်ကြောင့်  မသက်သာလို့တာ  မွေးရပ်မြေနဲ့ ခွဲခဲ့ရတာရယ် ။     သားသား လိုက်မှာပေါ့ ဘိုးဘိုးရယ်  ဆယ်ခါပြန်တောင်  လိုက်ချင်ရဲ့ လို့   ။   ..............
.....................  မြို့ကနေထွက်ခွာလို့     ချောင်းကလေးအဆုံး မှာ    ကျယ်ပြန့်တဲ့ အင်းရေပြင်ကျယ်ကြီးက     သားသားကိုဆီးကြိုလို့ရယ် ။  (ခလေးငယ်ဘဝနဲ့ဆိုရင်တစ်နှစ်တာ ဆိုတာသိပ်ရှည်ကြာခဲ့လေသလားရယ်မသိ )        ရေပြင်ကျယ်ကြီးကိုကြည့်ရင်း    ငါခွဲသွားမိရက်တယ်    နင်လွမ်းများနေလား   ဆိုတဲ့အတွေးမျိုးနဲ့လေ မျက်ရည်ကတစမ်းစမ်းရယ် သားသားငိုမိတာပေါ့။    မော်တော်ဘုတ်  ရဲ့ လှေဦး    ဘိုးဘိုးဘေးမှာထိုင်ရင်း  ဟိုး  ဝိုင်းပတ်နေတဲ့ တောင်တန်းဆီက   စေတီဖြူဖြူလေးဆီမှ   အကြည့်ကိုလွဲဖယ်ရင်း    ဘိုးဘိုးကိုစပ်စုတော့မလို့လှည့်ကြည့်လိုက်တော့   
.....  သားသား ဘာလုပ်ရမလဲဆိုတာသိသွားတယ် ။  ဘိုးဘိုး လိုဘဲ   သား ရဲ့ လက်နှစ်ဖက်ကို 
လက်ဖဝါးချင်းကပ်ခါ    ကြာဖူး လိုပုံသဏ္ဍာန် ဖြစ်အောင်လုပ်လို့   ဟိုးအဝေးက  ထုံးဖြူဖြူစေတီလေးဆီ  
တည့်တည့်မျက်နှာမူရင်း    ဦးခိုက်ကန်တော့ လိုက်လို့ရယ် ။      ဘိုးဘိုးရယ်လေ  ..သာဓု....သာဓု......သာဓု .....  လို့  ပြုံးရယ်စွာနဲ့   သားကို နွေးထွေးစွာဆိုရင်း   သားရဲ့ဦးခေါင်းကို ညင်ညင်သာသာ သပ်ပေးရှာတယ်။
  ဘိုးဘိုးကို  သား အကြာကြီး  ငေးလို့ကြည့်မိတယ် ။   ဇရာရဲ့ နိုပ်စက်မူ့တွေကြောင့်လေ  ဘိုးဘိုးရဲ့မျက်ဝန်းဟာ  ညိုမှိုင်းနေပါလျက်က   သားကိုကြည့်ခါ  သူစကားပြောလိုက်တိုင်း  
သူ့မျက်ဝန်းထဲမှာ  အရောင်တွေလင်းလက်သွားတတ်တာ  သားအမြဲတွေ့နေကျရယ် .... ။  
ဒီရေပြင်ကြီးရယ် ၊  ဘိုးဘိုးရယ်  ၊ သားသားရယ်     ၊ ဒီပျော်ရွှင်ရတဲ့ခံစားချက်ရယ်    တွေကတစ်နှစ်မှာရယ်တစ်ခါရင်းနှီးနေကျ ။         
.................... စားလက်စမုန့်လေးတွေကို     လေပေါ်ပစ်မြှောက်ကာ    သနားစရာဇင်ယော်လေးတွေကို  
အစာကျွေးရင်း   သား   ပျော်လို့မဆုံးဘူး ။   ဟိုဖက်ပြေးလိုက်  လှေဦးကိုပြန်ပြေးလာလိုက်နဲ့    ရေပြင်ပေါ် တက်လာတဲ့  ရောင်စုံ ငါးကလေးတွေကို   ကြည့်ရတာလဲအမော  ။    ခင်စရာကောင်းတဲ့     ရေခြံမောင်    
ဦးလေးရေလုပ်သားတွေကို    လက်ကလေးပြကာပြကာနဲ့   တာ့တာ    နုတ်ဆက်ရင်းပျော်လို့ရွှင်လို့   ။    
လှိုင်းပေါ်မှာ လူးလွန့်နေတဲ့   ဗေဒါ ပင် လေးတွေကို     ဘိုးဘိုး မသိခင်အခိုက်   လှေနံဘေးမှာ 
လက်တဘက်တွဲချကာ   လှမ်းကာလှမ်းကာဆွဲလိုက်နဲ့  အပျော်လွန်  လို့ရယ်ပေါ့ ။  
....................  ဘီလူးချောင်း လမ်းမကြီး ရဲ့  ဟော်ဟိုဖက်မှာ      ဘိုးဘိုးရဲ့အိမ်ကို    လှမ်းတွေ့နေရပြီ ။    
    တိတ်ဆိတ်အေးချမ်း   လှတယ် ။   စုလဲ့ မွန်းရွှန်း တွေနဲ့   ဘိုးဘိုးရဲ့အိမ်ဟာ   သစ်သားတွေနဲ့  
ဆောက်ထားတဲ့  ရှေးဟောင်းအိမ်ကြီးပေါ့  ။ ချောင်းရဲ့အကွေ့အရောက်      ရေပြင် နဲ့ အိမ်အခင်းကြားမှာ မည်းနက်နေတဲ့  ပျဉ်းကတိုးတိုင်ခြေရင်းကို   လှမ်းမြင်နေရပြီ ။          အိမ်ရဲ့အမိုးကတော့   
သက်ကယ်မိုးထားတဲ့ အပေါ်မှာ  ဝါးကပ်ထရံ တွေကိုအကွက်ရိုက်ထား တာ ။  သဘာဝကပေးတဲ့  အဲယားကွန်း      အိမ်ကြီးပေါ့  ။    ချစ်စရာကောင်းတဲ့  ဘိုးဘိုးရဲ့ရှေး အိမ်ကြီးပေါ်မှာတော့    အပြုံးတွေနဲ့ 
ဆီးကြိုနေတဲ့  ဘွားဘွားရယ်လေ   အိမ်ရှေ့  တံခါးဝမှာ   လက်ရယ်လှမ်းထားလို့ ။                             မော်တော် ပေါ်ကနေ 
ဆင်းတာနဲ့  တခါထဲဘဲ   ဘွားဘွားရဲ့လှမ်းထားတဲ့  သူ့ရဲ့လက်ကိုခိုကာ   ရင်ဘတ်ကြီးဆီခိုဝင်             ဘွားဘွားရဲ့ ပါးပြင်ကို  သားသား တအားနမ်းရှိက်လိုက်တော့တာ   ။
 .
.
.


PS..;.  ဘွားဘွားရဲ့ရေးဟန်တွေ  သား  ရေးကြည့်တယ် ။ :lol: ..




Sunday 10 January 2010

အင်းလေး Inlay , Inle

ဘူမိဗေဒ ၊ ဆိုမိန့်မှသည်
ထုံးပျော်ရာမှ ၊ အခြေစလို့
ပေါက်ဖွားရှင်သန် ၊ ပျော်ဝင်ကန်လား။
နှစ်ရှည်တိုက်စား ၊ သည်ရေအားနှင့်
ချိုင့်ဝှမ်းထွင်ပေါ် ၊ ကန်ရေပျော်ကို
အဆိုတတိုင် ၊ ထုံးကျောက်အိုင်လား။
သို့တည်းမဟုတ် ၊ အက်ကြောင်းနှစ်စ
အလယ်မှသည် ၊ ပြုတ်ကာကျ၍
ရေထုအိုင်တော ၊ ပြတ်ရွှေ့ကြောလား။
ဘယ်ပုံဘယ်သို့ ၊ ဆိုငြားပါစေ
ငါချစ်တဲ့မြေ ၊ ငါတို့ရေသည်
ရှေးဘဝေသီ ၊ နှစ်သန်းချီက
အခြေစတည် ၊ ပထဝီခိုင်ခန့်
ဖိုးမဖြတ်နိုင် ၊ ရတနာအိုင်တည်း။။။
မှိုင်းပြာညို့ညော ၊ တောင်ပြာကျောလယ်
ကြာဖြူညိုနီ ၊ ရောင်စုံစီလို့
ဘယ်မတုနိုင် ၊ ပန်းချီမှိုင်မည်
လှတယ်တင့်တယ် ၊ ငါတို့နယ်ကို
သုန်းမကွယ်ရေး ၊ ထိမ်းသိမ်းပေးရန်
သမိုင်းတာဝန် ၊ တို့ကျေပွန်စေ
တွဲလက်ညီထား ၊ တို့နယ်သားဆွေ။။
။......။
တို့အင်းလေးမှာ
နှစ်သန်းရာမှ ၊ ဖွားလာရငြား
မာန်ဟုန်ပြင်းတယ် ၊ အိုင်ကျယ်တလှည့်
ထုထည်သေးကာ ၊ ရေတိမ်ခါနှင့်
နှစ်စုံအစ ၊ နှစ်ဘဝဖြင့်
ကျင်ခဲ့ရငြား ၊ ကမ္ဘာနှင့်ချီ
တည်တံစေသော ၊ ငါတို့ကန်သည်
လောကဓံဆိုင် ၊ ဘယ်မယိုင်ဘူး
တို့အဖို့ငှာ ၊ တုယူရာ၏
ဘဝစုံလင် ၊ အင်းရေပြင်ကို
အရှည်တည်ကြောင်း ၊ ကျန်ကောင်းသင့်အောင်
တို့များညီစွာ ၊ ထိန်းမည်နယ်သား။။
။...။
ဗောရိဿတ်မည် ၊ မြို့ဟောင်းတည်ရာ
(ယောင်ဟွေ့)ညောင်ရွှေမှသည် ၊ လေးမိုင်ကွာ၏
ကိုးရာခွန်ဆယ် ၊ ဧကကျယ်၍
ကျုံးနှင့်မြို့ရိုး ၊ ဝန်းကာဖြိုးသည်
ကော့ဆမ်ပီခေါ် ၊ ကောသမ္ဘီဟု
အေဒီတထောင် ၊ သမိုင်းဆောင်ယူ
ကမ္ဘောဇတိုင်း ၊ ဘုန်းခိုးရှိန်ဝါ
ထွန်းတောက်ကာနှင့် ၊ ထွင်ခဲ့ဖူး၏ ။
အေဒီခုနှစ် ၊ တစ်တစ်တစ်သုံး
ပုဂံပြည့်ရှင် ၊ တန်ခိုးရှိန်ဖြင့်
ရန်သူတရုတ် ၊ တိုက်ကာထုတ်၍
ရမ္မဝတီ ၊ မြို့သစ်တည်သည်
ဘူမိနက်သန် ၊ နေရာမှန်ကား
ရွာမိုင်းသောက်နှင့် ၊ သလဲဦးကြား
ပေပင်အနောက် ၊ မြို့တည်ဆောက်၏
သမိုင်းစုံစွာ ၊ အိမ်တော်ရာတည်း ။
ခုနှစ်တိုက်စား ၊ ကာလကြားမှာ
ရေပြင်ကျယ်စိမ့် ၊ ဟဲဟိုးချိုင့်အိုင်
ဇရာအိုမင်း ၊ ပြိုကာဆင်းတယ်
ရေဝေါတောင်ပေါက် ၊ ပြိုထွက်ရောက်ချိန်
ရေလုံးလှိုင်းဆင် ၊ ပြေးကာဝင်သည်
ဟဲဟိုးသီခေါင် ၊ အင်းရေပြောင်ပြီ
သဘာဝဆိုး ၊ ကြမ္မာမိုးကြောင့်
ရေပြင်လှိုင်းအောက် ၊ စုန်းကာရောက်ပြီး
ရမ္မဝတီ ၊ လျောင်းကာစက်၏
ဆွေးဖွယ်လွမ်းသီ ၊ ဒဏ္ဍာရီတည်း
ထိုထိုသမိုင်း ၊ အရှိတိုင်းကို
တို့များဆွေတွေ ၊ အောက်မေ့ထွေထွေ
ထိန်းပါသိမ်းပါစောင့်ရှောက်ပါလေ .. တို့ဆွေနယ်သား ။

အကယ်၍များ ၊ အမှားပါလျင်
ပညာနိုမ့်ပါး ၊ ငါအယ်ကိုအား
ခွင့်လွှတ်သနား ၊ ပေးစေကြောင်းငှာ
အဆွေနယ်သား ၊ ပတ်စ်ထားပေးပါ။
။.....။
ဆက်ပါအုံးမည။်

Monday 4 January 2010

အမှားနဲ့ပုစ္ဆာ နှစ်

မေ့ဖို့ကြိုးစား      ငါရင်ထဲက
စိတ်မဲ့ရက်          သေနိုင်စွမ်းသမျှ
ဒီအဖြစ်တွေ      ငါ   မေ့   မယ်။
ဘဝနဲ့ရင်းခဲ့အချစ်တွေ        နောက်ဆုံးကျ
အဆုံးသတ်ခဲ့တဲ့         အချစ်ရေ
ဘာကြောင့်မင်း    စွန့်   ခွာ    ခဲ့။
ပူလောင်တဲ့အတွေးတွေ
အချိန်တိုင်းငါ့ကိုပေး ။
ကမ္ဘာပျက်နေ့တွေ
တစ်ယောက်ထဲငါ့မှာဟေးးး ။
။..................။
မင်းမရှိတော့တဲ့နောက်  ငါနေထိုင်ခြင်းက
အချစ်နဲ့ဘဝအကြောင်းတွေ ငါစဉ်းစား
ငါ   မ   သိ။
နာကျဉ်သောစိတ်မှာ  တစုံတခုမှားနေပြီ။
ခံစားချက်တွေ  သေဆုံးလို့နေပြီ။
။..................။
နင်ထွက်ခွာသွား  တဘက်စွန်းအရပ်ဆီ
ငါမျှော်ကြည့်ရင်း
ရင်မှာကြေကွဲခြင်း  ဒီဒါဏ်ရာတွေ
ငါ့ရင်ထဲအပြည့်လေ ။
ငါမသိနိုင်တဲ့   ကွာဝေးအချစ်ဆီ
နင်ပျံသန်းရင်း
မျှော်လင့်တဲ့   ဒီဘဝတွေ
ပြန်မဆုံနိုင်
တသက်လုံးဘဲ
တို့   တ    တွေ    ဝေးးးး။
 စိတ်မဲ့ရက်   သေနိုင်စွမ်းသမျှ
ဒီအဖြစ်တွေ   ငါမေ့မယ် ။
။....။
။.........။








Sunday 3 January 2010

အမှားနဲ့ပုစ္ဆာ တစ်

မျှော်လင့်တိုင်းလဲ
မတူညီခဲ့တဲ့ဘဝက လက်တွေ့ပေါင်းစပ်ရန်မလွယ်
နင်မုန်းပစ်လိုက်ပါအချစ်
မဆုံမှန်းလဲသိလာတဲ့ တို့ဘဝမှာ
ငါဆိုတာအရှုံးပေးတတ်သူ။

ပျော်ရွှင်ခြင်းနဲ့
အတူတူလျှောက်ခဲ့ဖူးတဲ့ လမ်းလေးအခုတော့လေကြေကွဲ
မျှော်ငေးလို့ကြည့်ရုံလေး
ဘာမှမတတ်နိုင် မင်းနဲ့ငါ အခြေအနေအရဝေးရတော့မယ်
ပြင်ဆင်ခွင့်နောက်ကျခဲ့ပြီ။

ခါးသီးတဲ့အချစ်တခုကို
ကြိုးစားမင်းမေ့လိုက်ပါတော့ .............
နာကြည်းခြင်းများစွာနဲ့
စီးဆင်းသွားမဲ့ မျက်ရည်စက်နဲ့အတူ
ငါဆိုတာ မင်းမေ့လိုက်ပါ
မဆုံနိုင်တဲ့တို့ရဲ့တသက်တာ။
တကယ်ဆိုတို့တွေ
အရူးအမူး ချစ်ခဲ့သူပါ အချစ်ရေ
မရေရာ အားတင်းရင်း
မျှော်လင့်ရရုံသာ   ဘဝတွေ
တချိန်ချိန်ဝေးရအုံးမယ်  သိထားလည်း
ကြိတ်မှိတ်ဟန်ဆောင်ကာ  ရှေ့ဆက်
ပြောရစ်ကြဖူးတယ်ချစ်ရယ်
တချိန်မှာတို့   ဝေးရမယ် .......
.....................................
........
..
အတင်းညှိယူ
တို့တွေရဲ့သီအိုရီလား။
။ ။ ။ ။

Friday 1 January 2010

ဆယ်စုနှစ် ရာစုနှစ်


မတွေ့မိလိုက်ယုံနဲ့ အရေးကြီးရသလိုဘဲ
မင်းကွဲပြားပုံနဲ့ အဖြစ်အပျက်တွေသက်ဝင်နေဆဲဘဲ
မင်းမရှိတော့ပေမယ့် မင်းရှိတုန်းကလိုဘဲ
စိတ်မှာဖြေသိမ့်ခဲ့။
ခါးသီးခဲ့ပေမယ့် အခုထက်ထိချိုမြိန်ဆဲဘဲ
လွမ်းဆွတ်မူ့တွေအရင်အတိုင်းဘဲ
အခုထိငါ့တယောက်ထဲ သတိရမူ့တွေနဲ့
အသားကျလို့နေခဲ့ မင်းစိတ်နဲ့အသက်ရှင်ရပ်တည်နေဆဲဘဲ

မင်းမသိတော့ပေမယ့် မင်းသိဖို့ခက်သလိုဘဲ
ဟိုးအရင်အတိုင်းဘဲကွယ်
ပြီးဆုံးခဲ့ပေမယ့် ခုထက်ထိဆိုနေတုန်းဘဲ
အလွမ်းနဲ့ရေးတဲ့ ဒီသီချင်းဘဲ

ဆယ်စုနှစ်တွေတိုင်
အသက်ရှူတိုင်းငါမင်းကိုမမေ့နိုင်
အော် .. မ.... မေ့ .... နိုင် ......




ဆယ်စုနှစ်သစ်တမ်းချင်း