ဘဝဆိုတည်း ၊ ထိုလှေကြီးကို
မိုင်နှစ်ဆယ်လုံးလုံး ၊ ဖရီးသုံးကာ
မျောကာစုန်ဆင်း ၊ လှော်ခတ်ခြင်းမဲ့
အကွေ့အကောက် ၊ ဒိုက်ပုံတောပုံ
ရွှံ့အိုင်အစုံ ၊ ရေမှော်တောကြား
ရောက်သော်ငြားလည်း ၊ လှေလှော်တက်မ
တစ်ချက်ကယ်သော် ၊ ငါမလှော်ခဲ့မိဘူး...။
ခုများကျသော် ၊ ဘဝရေဆန်
မာယာခက်ထန် ၊ ခရီးဆန်မှ
ရေစုန်တုန်းက ၊ မှတ်သားမဲ့စွာ
သတိမပါ၍ ၊ လမ်းပျောက်လုလု
မှန်းရမ်းအန်တု ၊ ခရီးအခုမှာ
အားကုန်စိုက်ထုတ် ၊ တွန်းထိုးကုတ်ခဲ
ချွေးသံရဲရဲဖြင့် ၊ အတင်းလှော်ခတ်
ဆန်တက်အပ်လည်း ၊ ရွက်ကယ်မနိုင်
တက်မခိုင်တော့ဘူး ၊ လှေအိုယိုရွဲ့
ဖာတရာထေး ၊ ယဲ့ယဲ့လေးဖြင့်
မနိုင်သည့်ဝန် ၊ လွင့်ကာသွန်လို့
ရေဆန်အဆုံး ၊ လှော်ရအုံးမည် ...။
နှလုံးတည်ရာ ၊ မှန်းမြင်ကာဖြင့်
တစိုက်မတ်မတ် ၊ မလှော်ဝံ့ပြီ
ကွေ့သင့် ကောက်သင့် ၊ ကျန်တာမြင်ထား
ငါ့အိမ်မက်မှာ ၊ (ငါ)တွေသာများရင်
ရေဆန်လှော်သား ၊ ခရီးဆုံးမှာလား
........
ရွက်အိုတစ်ရွက် ၊ တက်တိုတစ်လက်
ခုများငါ့ဆီ ၊ ကျန်နေသေး၍
ရေဆန်အလှဆီ လှော်ရအုံးမည် ။
ရွက်အိုဘယ်တော့ တပ်ရပါ့ ၊
တက်တိုဘယ်တော့ ခတ်ရပါ့ ၊
ပဲ့ကိုင်မှာဘယ်တော့ ရပ်ရပါ့ ...
သြော် ......
ခရီးတော့ ... တစ်ဝက်ကျိုးပြီ ထင်ပါရဲ့လေ ... ။
2 comments:
အတင်းလှော်ခတ်
ဆန်တက်အပ်လည်း ၊ ရွက်ကယ်မနိုင်
တက်မခိုင်တော့ဘူး ၊ လှေအိုယိုရွဲ့
ဖာတရာထေး ၊ ယဲ့ယဲ့လေးဖြင့်
မနိုင်သည့်ဝန် ၊ လွင့်ကာသွန်လို့
ရေဆန်အဆုံး ၊ လှော်ရအုံးမည် ...။
လူကလေးဖွဲ့ထားတာ အရမ်းကြိုက်တယ်
ရွက်အိုသွားလည်းစိတ်ဓါတ်မကျပါနဲ့
တက်တိုသွားလည်းအားမငယ်ပါနဲ့
ကိုယ့်ဘဝကို..ကိုယ့်ဘာသာပဲ့ကိုင်လို့
သတ္တိရှိရှိနဲ့ ဆန်တက်လိုက်ပါ
Post a Comment