ရေပြင်ထက် မျောလွင့်ရာ ကျွန်းဆီ
ညင်သာတဲ့ လှိုင်း နဲ့အတူ မောင်လှမ်း
ပီတိဖုံး အပြုံးကို ဆင်မြန်းလာ
ရောင်နီဦး အရိပ်က ဖြာဆင်း
မျှော်ငေးကြည့် ကြည်နူး မျှော်ငေးရင်းခံစား
ရင်မှာပီတိ အလင်းတန်းတခုထက် ပိုမရည် ရွယ်
ရေခြံခင်း ပန်းပေါင်းစုံ ဝေသီ
လေလာခိုက် ယိမ်းနွဲ့ကာ ပျော်မြူး
လည်တိုင်လေး စောင်းငဲ့ ယိုင်လဲကာ
မောင်လာတဲ့ လမ်းလေးဆီ မျှော်မှန်း
မင်းတို့စောင့်မျှော်လေတော့ သခင်မအားစောင့်လင့်ကြိုတော့
မယ်သခင်မ ဆန္ဒ ပြည့်ဖို့ထက် ပိုမရည်ရွယ်
လေပြေထဲ ပျံသန်းကာ မောင့်ဆီ
ကုဋေတန်တဲ့ ခြေလှမ်းနှင့်အတူ မယ်လှမ်း
ရင်ခုန်တဲ့ စည်းချက်တို့ ပြိုလဲကာ
ကြာဖြူတပွင့် ကမ်းလင့်လို့ မောင်ပေး
မင်းလှစေဖို့ မင်းလှစေတော့
ရင်မှာ ဒီဆန္ဒ တခုထက် ပိုမရည်ရွယ်
ပန်ဆင်လိုက် မင်းအတွက် ဒီပန်းတွေ
ဆံနွယ် နဲ့ ထုံးဖွဲ့နှောင်လို့
ထာဝစဉ် အမြဲ မွှေးရနံ သင်းစေ
ကြည်လင်လန်းဆန်း နွမ်းမသွားစေဘူး
နူးညံစွာခံစား မင်းလှစေသား
တကယ်ပါ ဒီ ဆန္ဒ တခုထက် ပိုမရည်ရွယ်
ကြာတိုင်ရိုး ဆစ်ကာ ကြိုးသီ
ကြည်လင်တဲ့ အပြုံးနဲ့ ဆင်ပေး
လည်တိုင်ထက် စမ်းရေတစက် ယိုစီးလာ
ငွေလမင်း အရိပ်က ဖြတ်သန်း
နူးညံစွာ ခိုနား အိမ်မက်လှစေသား
ယုံကြည်မူ့ တခုထက် ပိုမရည်ရွယ်
ပန်းမွှေ့ရာထက် အိပ်စက်ပါ ခန်းဆောင်မှာ
အပူအပင်ကင်း မမောပန်းစေဖို့
သာယာလှပတဲ့ ရေခြံလေးမှာ
တံတိုင်းပန်း ခြံခတ်လို့ နွေးထွေးစေပြီး
မယ် စိတ်ချနေလေတော့ ပန်းများပွင့်စေဖို့
တာဝန်တရပ် ထမ်းရွက်ဖို့ထက် ပိုမရည်ရွယ်
ဝိုးတဝါး ကဗျာ တပိုင်းတစ
ဒီ ရေခြံလေးမှာ ကျကျန်ရစ်သော်
ပန်းများအရှင် မယ်သခင် သိစေ
အရောင်မစွန်းထင် သံယောဇဉ်ဟု......
2 comments:
စာလုံးက အခုထိကို မပေါ်သေးတော့
ရေခြံမောင် ဆိုတာကို ဘယ်လိုမှ မှန့်မရဘူး၊ ဒါပေမယ့် တစ်ခုပြောသွားပါရစေ ပို့စ်အသစ်လေးတင်နိုင်ခြင်းအတွက် congratulation! လို့...။
မင်းရဲ့ ပီတိုင်း
ကဗျာလေးက ကြည်နူးစရာလေး...
လူကလေးက ရေးတတ်တယ်။ တော်တယ် =)
အားပေးလျက်
ဘွားဘွား
Post a Comment