အမည်းရောင်ရိုက်ချက်များနဲ့ငါ့ကို အနီရောင်မိုးကောင်းကင်ဆီမှ
ကမ္ဘာမြေပေါ်ပြိုလဲကျစေခဲ့ပြီ
နွေးထွေးတဲ့ နောက်ဆုံးမျက်ရည်စတွေကို
ငါ့လက်ထဲမှာတင်းတင်းဆုပ်ကိုင်ထားရင်းနဲ့ရယ် လေ
မြေပြင်ပေါ်ပြိုလဲကျတုန်း အနီရောင်ရဲ့အပိုင်းအစတွေနဲ့
အချိန်တွေလောင်ကျွမ်းအပြီးမှာ
အဖေဆီကအမွှေရလိုက်တဲ့ ဒီလောကကြီးကို ငါမုန်းတီးတတ်လာခဲ့ပေါ့
အဝေးဆုံးကငါ့ဆီလွင့်ပျံလာဆဲ ရိုင်းစိုင်းတဲ့နေ့ရက်များမှာ
နာကျည်းခြင်းအပြည့်လောကလူသားတွေက ငါ့ကိုသားကောင်ပမာ
ငါ့ ကံတရားရဲ့မျက်နှာမလှပနိုင်မှတော့
ပင်လယ်ပြင်ကျယ်ကြီးထဲမှာ ငါသက်ပြင်းရှည်ကြီးသွားချလိုက်တော့မယ်
တဖြည်းဖြည်းနဲ့နီးလို့လာတဲ့ အေးစက်စက်ခေါင်းလောင်းသံဟာ
အရာရာကိုဖောက်ခွဲခဲ့လို့
ငါ့နှလုံးသားနဲ့အစာအိမ်တို့ရဲ့တောင်းတမူ့ကို ဖြည့်ဆည်းဖို့မလွယ်မှတော့
ကမ္ဘာမြေရဲ့နောက်ဆုံးနေ့ဆီသို့ငါလှမ်းတော့မယ်
ကွယ်နေတဲ့မျက်လုံးတွေနဲ့ ငါ့ကိုကြည့်ကာ အပြစ်ဖွဲ့ခဲ့လို့
မိုး အက်ကွဲကြောင်းများ အရှိန်အဟုန်နဲ့ပြင်းစွာ
အဖြူရောင်ရေစီးများအဖြစ်စီးစေဖို့
ညိုးနွမ်းနေတဲ့ ငါ့စကားသံနဲ့ သီချင်းတပုဒ်ရေးဖွဲ့လိုက်တာ
ဥစ္စာမဲ့စွာ ငါ့ရင်ထဲမှာ အထီးကျန်ခြင်းနဲ့သာကျန်တော့တာ
ကောင်းကင်ရဲ့အစွန်းက ငါညီးငြူ အော်ကာပြိုလဲကျခဲ့တဲ့
ဒဏ်ရာအပြည့်တွေနဲ့ ဒီညမှာ ငါသေသွား ဘာထူးအုံးမလဲ
အားလုံးနဲ့အဆုံးသတ်မယ်ဆိုမှ အဆိုးများကဟားတိုက်ရီနေတာ
ကြိမ်စာတွေသင့် ငါ့အဖြစ်ရယ်လို့
ဝမ်းနည်းပက်လက် ခွန်အားမဲ့နေသူရယ်လေ
တဖြည်းဖြည်းခြင်းနီးကပ်လာတဲ့ အဆုံးသတ်ချိန်ထိတိုင်
အမှန်တရားကို ငါငြင်းပယ် အရွှဲ့တိုက်ချင်နေမိတယ်
အကြိမ်တိုင်း ငါ စားသုံးနေကျ အသိခက်တဲ့ ပုစ္ဆာတွေ ၊
အလိုဆန္ဒတွေပြင်းပြတဲ့ ကစားဝိုင်းရဲ့ အညစ်အကြေးတွေ ဟာ
ကြမ်းတမ်းတဲ့လက်တစုံလို ငါ့ရဲ့ စောင်းကြိုးကို ဖြတ်တောက်လိုက်တာ
အရာရာဟာ ပြီးပြည့်စုံစွာ ပျက်စီးသွားပြီကော
နူးညံသိမ်မွှေ့ရုံ မျက်ဝန်းတစုံရယ်
လှပသေသပ်ပန်း သွေးနုတ်ခမ်းရယ်
ရွှေရောင်ချယ်ထား ငွေအရေပြားရယ်
ငါမက်မောခဲ့ဖူးပြီးခဲ့ပါပြီ ။
3 comments:
စာသားမပေါ်လို့ ဘာပြောလို့ပြောမှန်းမသိပေမယ့် ပုံလေးကို ကြည့်ပြီး အတော်ချမ်းမယ့်ပုံပဲဗျ။
အဲ့ဒါ ဘာပြောတာလဲဟင် နှင်းတွေကျတဲ့ အကြောင်းလား?
:D
အားပေးလျက်
ခင်တဲ့
စာလေး အရမ်းလှတာပဲ လူကလေး။
ကြိုက်တယ် တကယ်။
အားပေးလျက်
သားသားပျော်တဲ့သားသားတို့ရဲ့အိမ်မှာ နေခွင့်မှမရတော့တာ.....
ဘွားဘွားအိမ်လိုဘဲ လှပအောင် သားသားပြင်ဆင်ရတော့မှာလေ...
မတတ်တခေါက်ပညာနဲ့ပေါ့..
.... :'( ....
Post a Comment