ငါ့ခရောင်းလမ်းငါတိုး
ငါ့နှင်းဆီငါပျိုးခဲ့တာ
ငါကဆိုးသတဲ့လား။
ငါ့အချစ်လမ်းငါသွား
ငါ့သံယောဇဉ်ငါထားခဲ့တာ
ငါကမှားသတဲ့လား။
ငါ့မှိုင်း ငါမိ
ငါ့အသိငါရှိခဲ့တာ
ဘာသတိမှမလို
ငါ့စိတ်ငါသိလို့
ငါ့အချစ်နဲ့ ငါမောတာ
ငါအလွယ်ပြောတယ်လို့
မင်းထင်စရာမလို
မင်းလမ်းကိုငါသွား
ငါ့လမ်းကိုမင်းလျှောက်
ဘာမှတွေးကြောက်စရာမလို
ငါ့ကိုယ်ငါဒူးထောက်
မင်းရှေ့မှာရောက်နေလို့
မင်းခေါင်းငုံခိုင်းလည်းရတယ်
မင်းစိတ်ကိုငါသိလို့
သံယောဇဉ်ငါဖြစ်မိတာ
စောလွန်းတယ်မဆိုလို
မင်းလမ်းမင်းသွားလို့
ငါ့တည်းထဲဘဲကျန်လည်း
ငါ့အမှား မင်းအမှန်
အယူခံမလိုဘူး ။
10 comments:
ချစ်သူများနေ့မှာ အမှတ်တရတင်ထားတဲ့ လူကလေးကဗျာလေး လာခံစားသွားတယ်...
ခိုင်မြဲတဲ့ သံယောဇဉ်ကြိုးတွေနဲ့ လူကလေး ပျော်ရွှင်ပါစေ
...
အားပေးလျက်
ဘွားဘွား
ခံစားချက်ကဗျာလေး...ဖတ်သွားတယ်..အယ်ကိုရေ..Valentine's Day မှာ
ပျော်ရွှင်နိုင်ပါစေနော်...(သိသိကြီးနဲ့ဆုတောင်းပေးရတာ..(((((((းးးးးး.
ကဗျာလေးလာဖတ်ပါတယ်
ကဗျာလေးကောင်းတယ်ဗျ။
...နှင်းဆီငါပျိုးခဲ့တာ....
.......ကြာက်စရာမလို...
.....မှာရောက်နေလို့ ......။
အဲ့ဒီသုံးချောင်းပဲ ဖတ်လို့ရတယ်။
ကျန်တာဘာရေးထားမှန်းမသိဘူး။ ဟွန်း..
ကပ်စီးနဲလိုက်တာ.။
နောက်တာနော်
အားပေပါတယ်
မင်းရဲ့
စလတ
ချစ်သူကို ရန်တွေ့နေသလိုပဲနော်....
ပျော်ရွှင်ပါစေနော်...အယ်ကိုရေ..
ချစ်ခြင်းရဲ့ အစ ရန်တွေ့ခြင်းက ဖြစ်နေလို့ပါ မြတ်မွန်ရေ ..... :P
ငါ့မြင်း ငါစိုင်းပြီး
ငါ့လမ်း ငါသွားတယ် ဆိုပေမယ့်
ငါ့ကြိုးနဲ့ ငါ့ကို ပြန်ပတ်ပြီး
ငါ့ကြွင်း ငါတူးရတဲ့ အဖြစ်ဆို တယ်မကောင်းဘူးနော်...
းဝ)
(စကားမစပ် Lကိုက အရယ်သန်တယ် ထင်ပါ့...)
ဟေ့လူ..နင်ဘယ်မှာနေအာ့...
ကောင်းလိုက်တဲ့ ကဗျာလေး ပါ ဖက်ပြီးတာနဲ့ ခံစားရတယ်
Post a Comment