Wednesday 30 June 2010
အင်းလေး အင်းပေါခုံ ရေယှဉ်မယ်များ မှတ်တမ်း(၁)
၁၃၇၁- ခုနှစ် သီတင်းကျွတ်လ 
အင်းလေးဖေါင်တော်ဦးရုပ်ရှင်တော်မြတ်စွာဘုရား 
 ဒေသစာရီကြွချီစဉ်။ 
 အင်းပေါခုံရွာ လှေယာဉ်မယ်များ မှတ်တမ်း 
အပိုင်း(၁)
ဖောင်တော်ဦးဘုရားပွဲကို နှစ်စဉ် သီတင်းကျွတ်လဆန်း (၁) ရက်နေ့မှ စ၍ လပြည့်ကျော် (၃ ) ရက်နေ့အထိ စည်းကားစွာကျင်းပလေ့ရှိသည်။ သီတင်းကျွတ်လဆန်း ၁ ရက် =ရုပ်ပွားတော် ၅ ဆူမှ ၄ ဆူကို ကရ၀ိတ်ဖောင်တော်ပေါ်သို့ ပြောင်းရွှေ့ ကာ တစ်ညတာ ဖောင်ပေါ်တွင် စံနေတော်မူသည်။ ကျောင်းတော် ထုတ်ပွဲ ဟုခေါ်လေ့ရှိသည်။
ရုပ်ပွားတော်များကြွချီရာတွင် ရှေးယခင်က (၅) ဆူ စလုံး ဒေသစာရီကြွချီတော်မူသည်။ ၁၉၆၈ ခုနှစ်တွင် ဒေသစာရီလှည့်လည်တော်မူစဉ် အင်းရေပြင်၌ မိုးကြီး၊ လေကြီး သည်းထန်းစွာ ရွာသွန်းတိုက်ခိုက်ရာ ဖောင်တော်ကြီးသည် ရုပ်ပွားတော် ၅ ဆူနှင့်အတူ နစ် မြုပ်ခဲ့သည်။ လူပေါင်းများစွာတို့ ရေထဲဆင်း၍ ရုပ်ပွားတော်များကို ရှာရာတွင် ၄ ဆူကို သာ ပြန်တွေ့ ပြီး ကျန်တစ်ဆူကို ရှာ၍မတွေ့ တော့ပါ။ သို့သော် ဖောင်တော်ဦး ကျောင်း တော် သို့ ပြန်ရောက်၍ ဂန္ဒကုဋီတိုက်ဖွင့်လိုက်သည့်အခါ ရေအောက်တွင် ရှာမတွေ့  ခဲ့သော ရုပ်ပွားတော်ကို ဦးခေါင်းတွင် ရေမှော်များတင်လျှက်အတိုင်း မူလပလ္လင်ပေါ်တွင် အံ့သြဖွယ် ဖူးတွေ့ လိုက်ကြရသည်။ နောက်တစ်ကြိမ်တွင်လည်း အင်းတိမ်ရွာအရောက် တွင် မိုးလေသည်ထန်စွာ တိုက်ခိုက်လာပြန်သဖြင့် ထိုရုပ်ပွားတော်ကို ညတွင်းချင်းပင် မူလစံကျောင်းသို့ ပြန်လည်ပင့်ခဲ့ရသည်။ ထိုအချိန်မှ စ၍ ပွဲတော်ကျင်းပတိုင်း ရုပ်ပွားတော် ၄ ဆူသာ ဒေသစာရီ ကြွချီတော်မူသည်။ အပြည့်အစုံသို့ 
....... 
...... ( အလွမ်းအဆိပ်တွေကို   သိခွင့်မရခဲ့ကြဖူးသောသူများ     များပြားလာပါစေ)။
Wednesday 16 June 2010
အင်းရှည်- ထွေရာလေးပါး
 ဇွဲလုံလကြီးစွာဖြင့် သူ့ ရည်ရွှယ်ချက်ဆီသို့  အမြဲအကောင်အထည်ဖော်နိုင်သော အင်းရှည် အားလေးစားပါ၏ ။
 ၁၆ . ၆ .၂၀၁၀ နေ့ တွင် ထင်းရှူးရိပ်တေးသံသွင်းမှ တစ်ပြည်လုံးသို့ ဖြန့် ချီလိုက်ပြီ ။