Monday 23 November 2009

အဲကလဲ

ပျင်း စဉ်ခဏ
ပျော် စေရမည်
ပျက် ရာစိတ်ဆွေး
ပြေး စေသား။

စိမ်းပြာပတ်ဝန်း၊ငြိမ်းတောင်တန်းနှင့်
မြင့်တောင်ထိပ်ထက်၊လေပြေအေးနှင့်
သာယာရူ့ခင်း၊နှင်းမြူခိုးနှင့်
ကန်သာရေပြင်၊ကြည်လင်လင်နှင့်
သာသနာရောင်ဆင်း၊ထိန်ထိန်ဝင်းနှင့်
သွေးရင်းညီတွေ၊ရင်းဖေါ်ရွှေနှင့်
ပန်းဗေဒါကြာ၊မွှေ့ပျော်ကာနှင့်
သူမြင်သမျှ၊ရူ့မညီးသည့်
ဖန်သားပမာ၊ထိုရေကန်အား
ခေါ်ဆိုသမုတ်၊ဆိုရိုးလုပ်ပြီ
ပျင်းပျော်ပျက်ပြေး၊နောင်အင်းလေး ... ။

Thursday 19 November 2009

ဝဲ့ငယ်

၁၁.၉.၈၇ တွင်၊လောကထဲသို့
လူငယ်တစ်ယောက်၊ထွန်းပေါက်ခဲ့၏
အောင်မြင်ခရီး၊ပန်းတိုင်ကြီးသို့
သူ့လမ်းသူထွင်၊ဂုဏ်ယူဝင့်ကြွား
ငယ်သောသားသည်၊မျိုးဆွေများတွက်
ကြွားဝင့်ဂုဏ်ရည်၊တင့်ခဲ့ပေတည်း။

ငယ်သော်ကသား၊ကြီးသော်အားဟု
ဝံ့ကြွားမိဘ၊ဆိုနိုင်ကြပြီ။

သဘင်သည်လမ်း၊သူခက်လှမ်းစဉ်
မျက်မမြင်ဘဲ၊ညီထွေလိုက်လျော
မိဘဇောနှင့်၊ကိုယ့်သားထွန်းပေါက်
မြေတောင်မြှောက်ထား၊မိဘတို့အား
ခါအားလျော်ညီ၊လုပ်ကြွေးပြီတည့်
ဤသည်လူမယ်၊မောင်သားငယ်အား
မျိုးကောင်းသားလို့၊ဆိုနိုင်ကြပြီ။

ဝပ်တွားရိုသေ၊အစ်ကိုတွေအား
ချစ်ထားစိတ်ဖြူ၊ကူညီလှူ၍
ကြောက်မရွှံသား၊ဦးထိပ်ထားလျက်
မြဲမြံချစ်ခင်၊ပျော်ရွှင်စေသော
ထိုညီငယ်အား၊အစ်ကိုတို့က
ဝံ့ကြွားညီကို၊ဆိုနိုင်ကြပြီ
အစ်ကိုတွေချစ်သောညီငယ်လေး။
အဖေအမေချစ်သောညီငယ်လေး။

အယ်သားငယ်ရေ...... ကိုကို..ငယ့် ကို ချစ်တယ်...

ဝဲ့ညီ

၇.၉.၈၅..၊လောကထဲသို့
ညီလတ်သားမြတ်၊ထွန်းပေါက်ခဲ့၏
ကြီးကိုရိုသေ၊ငယ်ကိုသနား
ညီနဲ့ကိုကြား၊ဗျာများတတ်သူ
စိတ်မှာတမူ၊ထူးတဲ့လူသို့
ဂွမ်းနှယ်ရင်ဘတ်၊သူရှိခဲ့၏

ဒါကမေဖို့၊ဖေအဖို့နှင့်
ကိုဖို့ညီဖို့၊ပါးမြဲလက်ဆောင်
သူပြန်ခရီး၊ကြည်နူးစေတတ်
ဤညီလတ်ကို၊ကိုများညီများ
ဖေမေများက၊ဆိုကုန်ကြပြီ
ဘက်ညီလူသား၊ပြိုင်စံရှားတည်း။

အစ်ကိုဖေးမ၊ညီကိုတွဲထား
သူ့လက်များသည်၊သက်လုံးညီစေ
မိသားစုထဲ၊မယိုင်လဲအောင်
အိမ်တွင်းသူကြီး၊သူပြုစည်း၍
မျိုးဂုဏ်ကိုထိန်း၊သူ့သမိုင်းအား
စံမီလူသား၊ညီ့စိတ်ထားဟု
အမျိုးများက၊ဆိုနိုင်ကြပြီ
ကိုတို့ညီတို့၊ဖေမေတို့၏
ချစ်သောညီလတ်ဖြစ်ပေတည်း။
မျိုးဆွေချစ်သောညီလတ်တည်း။

ညီညီရေ...ကိုကို ညီ့ ကိုချစ်တယ်.....

မွေ့နှင့်ဖ

ကိုးလလွယ်ထား၊ဒုက္ခများတောင်
အပြုံးမပျက်၊ရင်သွေးသက်ကို
ချစ်ကြည်ယုယ၊၁၁.၉.၈၃ မှ
လောကအလယ်၊အယ်ကိုသားကြီး
အယ်ညီလူလတ်၊သားငယ်လူထွေး
ဖွားမြှောက်စေသည့်၊မွေးသမိခင်
ကျွေးဖခင်အား၊စိတ်မှာမှန်းရည်
လက်ဆယ်ဖြာမိုး၊ရှိခိုးပါ၏
ကျေးဇူးရှင်ဖေဖေနဲ့မေမေ။

ရင်သွေးလူမယ်၊ထွန်းဖို့ရွယ်၍
ဒုက္ခနွံခက်၊ခွန်းမျိုသိပ်လျှက်
သုံးဆယ်နှစ်ကြာ၊ဥစ္စာမှီးသည့်
သားများအမေ၊ကျွေးဖေဖေအား
ကိုယ်ချင်းစာသိ၊သားငိုမိ၏
ကြွေးသစ်ကြွေးဟောင်း၊နှစ်ခါလောင်းကို
သားတို့တဖန်၊ဆပ်ရစေလို့
လက်ဆယ်ဖြာမိုး၊ရှိခိုးပါ၏
ကျေးဇူးရှင်ဖေဖေနဲ့မေမေ။

လိုက်လိုက်လှဲလှဲ၊ပြုံးပြုံးပျော်ပျော်
ပေါ့ပေါ့ပါးပါး၊သားတို့အားနှင့်
သက်တောင့်သက်သာ၊နေကြပါတော့
မျိုးဂုဏ်မြင့်ကြောင်း၊လွှဲလက်ပြောင်း၍
တဖန်သားတို့၊ကြိုးပါရစေ
သားတို့ချစ်သောဖေဖေနဲ့မေမေ။